ချောင်းနှစ်ခွရဲစခန်းနှင့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချခံရပြီးနောက် ပြန်လည်ရမ်းသမ်းပစ်ခတ်သဖြင့် ဗိုလ်မှူးဟောင်း၏သား‌ သေဆုံး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွရဲစခန်းနှင့် ချောင်းနှစ်ခွတံတားအနီး တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အငြိမ်းစားဗိုလ်မှူးဟောင်းတစ်ဦး၏ သားဖြစ်သူ သေဆုံးကြောင်း Saw Dragon Drone Force ထံမှ သိရသည်။

၎င်းစစ်ကောင်စီတပ်စခန်းများကို ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂)ရက်နေ့ နေ့လည်ပိုင်းက Saw Dragon Drone Force နှင့် Lion Battalion Commando-ဗျူဟာစစ်ကြောင်းတို့ပူးပေါင်းကာ ဒရုန်းဗုံးသီး(၃)လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးအပြီးတွင် စစ်ကောင်စီတပ်မှ ချောင်းနှစ်ခွတံတားအား ယာယီပိတ်ထားခဲ့ပြီး ၄င်းတို့မှ စနိုက်ပါဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသော အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Saw Dragon Drone Force