ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ် ခမရ(၅၄၆)တပ်ရင်းကို ၆၀ မမဖြင့်ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ် ကော့ကရိတ်တောင်ပိုင်း ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ် ခမရ(၅၄၆)တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် (၆၀)မမဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို ကျားဖြူတပ်ခွဲ ၃ (Triple-Kတပ်ဖွဲ့ ၊ ပျံလွှားတပ်ဖွဲ့)တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင်လ (၇)ရက်နေ့ကလည်း ကျားဖြူတပ်ခွဲ -၃ မှ ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်စွဲထားသာ (၈)တိုင်၊ မီးစက်ရုံအား (၆၀)မမဖြင့် သွားရောက်ပစ်ခတ်ခဲ့သေးသည်ဟု Triple-K တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် ဇူလိုင်လ (၉)ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ ခရိုင်မီးသတ်ရုံး အနီးတဝိုက်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို ကျားဖြူစစ်ကြောင်းရုံးအဖွဲ့နှင့် ကျားဖြူတပ်ခွဲ-၄မှ ရဲဘော်များက (၄၀)မမဖြင့် အလစ်အငိုက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

#TachileikNewsAgency

Video : Triple-K