မြောင်မြို့နယ်ရှိ ရဲစခန်းနှစ်ခုကို ဒရုန်းဖြင့် ဗုံးသီး ၂၁ လုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့လက်အောက်ခံ ရဲစခန်း(၂)ခုကို ဒေသကာကွယ်ရေးတပ်များ စုပေါင်းကာ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Local People's Defence Force SINTGAING:LPDF-Sintgaing ထံမှ သိရသည်။

ယင်းနေ့ နေ့လယ်(၁၂)နာရီခွဲဝန်းကျင်တွင် မြောင်မြို့နယ်ရဲစခန်းအား Shar Htoo WAW နည်းပညာ Fixd Wings Drone (၃)စီးဖြင့် ဗုံးသီး(၅)လုံးချ တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် ကျောက်ရစ်ရဲစခန်းအား Fixd Wings Drone ဒရုန်း(၃)စီးနှင့် လေးလက် Drone (၂)စီးတို့ဖြင့် ဗုံးသီး(၁၆)လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသူရှိနိုင်သည်ဟုလည်း Local People's Defence Force SINTGAING:LPDF-Sintgaing တပ်ဖွဲ့က ယနေ့ အောက်တိုဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို SINTKAING REVOLUTION FORCE – SRF၊ စဥ့်ကိုင် ပကဖ၊ CDSOM အနောက်ပိုင်း (၀၀၁) Droneအဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂)တပ်ခွဲ၊ GTR MMU Droneအဖွဲ့၊ Wild Bird ကောလင်း Drone အဖွဲ့ ၊ မြောင်မြို့နယ် ပလဖ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့- CRF၊ ဆင်ရိုင်းစစ်ကြောင်း(မြောင်)၊ မြင်းခြံခရိုင် တပ်ရင်း (၂)(MGN RANGER &PDF TALOKE)၊ Myaung Union Army-MUA၊  Blood Brothers၊ LACR မြင်းခြံ နှင့် Yound Man အဖွဲ့မြင်းခြံတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : Local People's Defence Force SINTGAING:LPDF-Sintgaing