ရေးမြို့နယ်၊ အောင်သာယာရွာနှင့် ကနင်ကမော့ကြားကို စစ်ကောင် စီတပ်က ရဟတ်ယာဉ်နှင့် ပစ်ခတ်

မွန်ပြည်နယ် ရေးမြို့နယ် အောင်သာယာရွာနှင့် ကနင်ကမော့ကြားရှိ တာဝိုင်တိုင်အနီးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားများ ထိခိုက်မှုနှင့် နေအိမ်များ ပျက်စီးမှုအခြေအနေကို မသိရသေးသည့်အပြင် မည့်သည့်အတွက်ကြောင့် လာရောက်ပစ်ခတ်သည်ကိုလည်း မသိရသေးသဖြင့် Tachileik News Agencyက သက်ဆိုင်ရာအဖွဲ့များထံ ဆက်သွယ်နေဆဲဖြစ်ပါသည်။

လက်ရှိတွင် ရေးမြို့ရဲစခန်းရှေ့လမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားလိုက်ပြီး ဖြတ်သန်းခွင့်မပြုတော့သည့်အပြင် ဗိုလ်ချုပ်စျေးနှင့် ဖာလကျောင်းလမ်းကြား၌ ရဲများကင်းပုန်းဝပ်နေသည်ကို တွေ့ရသည်ဟုလည်း ဒေသခံများကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ(၂၅)ရက်နေ့ကလည်း ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာရဲစခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ကျေးရွာအတွင်းသို့ လာရောက်ပစ်ခတ်ခဲ့သေးသည်။

အဆိုပါရဲစခန်းကို ကျားဖြူစစ်ကြောင်းနှင့် KNLAတပ်ရင်း(၂၇) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွါပြီး (၁)နာရီကျော်ခန့်အကြာတွင် စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ် (၂)စီးဖြင့် နှစ်ကရင်ရွာအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Video : CJ