လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်များ မြို့တွင်းပတ်သွားနေမှု အခြေအနေ  

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်း အဓိကလမ်းမကြီးပေါ်မှာ ဒီနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁၁)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကိုင် စစ်သားများက လက်နက်များကိုယ်စီကိုင်ဆောင်ပြီး မြို့တွင်းပတ်သွားနေကြတာကိုတွေ့ရပါတယ်။

လွိုင်ကော်မြို့တွင်းမှာ အရင်လို လမ်းသွားလမ်းလာ စည်ကားမှုမရှိတော့ဘဲ၊ အသွားအလာ နည်းသွားခဲ့ပါတယ်။

အခုမြင်တွေ့ရတဲ့ စစ်သားတွေကတော့ လွိုင်ကော်တပ်နယ်က မဟုတ်ဘဲ အခြားကနေ အင်အားလာရောက်တိုးချဲ့ထားတဲ့ စစ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။