(တင်ရန်) တောင်ကျချောင်းရေကြောင့် ကနီမြို့နယ်တွင် လယ်မြေဧက ၃၀ ကျော်သဲမြေဖုံးလွှမ်း

(တင်ရန်) တောင်ကျချောင်းရေကြောင့် ကနီမြို့နယ်တွင် လယ်မြေဧက ၃၀ ကျော်သဲမြေဖုံးလွှမ်း
စက်တင်ဘာ 25, 2016
By Tachileik News Agency

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ခုံကြီးကျေးရွာမှ သဲဖုံးလွှမ်းသွားသည့် လယ်မြေဧက (၃၀)ကျော်မှ သဲများကို ရှင်းလင်းရန် မလွယ်ကူသဖြင့် ပြန်လည်စိုက်ပျိုးရန် အခက်အခဲ ဖြစ်နေရသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

" ချောင်းရေက တောင်ကျရေဆိုတော့ လိမ့်ဆင်းလာတာ မိုးများတာလည်း ပါတာပေါ့။ ရေနဲ့အတူပါလာတဲ့ သဲတွေက လယ်ယာမြေအပေါ် ဖုံးလွှမ်းသွားတော့ ဒါတွေကို ဖယ်ရှားပြီး စိုက်ပျိုးဖို့ဆိုတာ မလွယ်နိုင်ဘူး " ဟု ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ကျေးရွာအနီးတွင် စီးဆင်းနေသည့် သင်္ဂတုံချောင်းသည် စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် ၅ နာရီအချိန်က ရုတ်တရက် စီးဆင်းလာမှုကြောင့် နွားနှစ်ကောင်လည်း မျောပါသွားကြောင်း သိရသည်။

၂၀၁၅ ခုနှစ်ကလည်း အဆိုပါ တောင်ကျချောင်းရေကြောင့် လယ်ယာမြေများ သဲဖုံးလွှမ်းခံခဲ့ရသော်လည်း ယခုနှစ်လောက် ပျက်စီးမှုမများကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး
~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~