တာခ်ီလိတ္တြင္ သီလရွင္က ဘုန္းေတာ္ႀကီးအား ဓါးျဖင့္ထိုး၍ အမႈဖြင့္ထား

တာခ်ီလိတ္တြင္ သီလရွင္က ဘုန္းေတာ္ႀကီးအား ဓါးျဖင့္ထိုး၍ အမႈဖြင့္ထား
သြဂုတ် 28, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕၊ ၀မ္မိုင္ရပ္ကြက္ရွိ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ၾသဂုတ္လ(၂၃)ရက္ေန႔ ညေနပိုင္းက ဘုန္းေတာ္ႀကီးႏွင့္ သီလရွင္စကားမ်ားရာမွ ဓါထိုးမႈျဖစ္ပြားခဲ့ရာ သီလရွင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ အေရးယူထားေၾကာင္း သိရသည္။

"အဓိက စကားမ်ားတာကေတာ့ သီလရွင္ေက်ာင္းနဲ႔ ဓါးထိုးခံရတဲ့ ဘုန္းႀကီးရဲ႕ ေက်ာင္းေဆာင္က ကပ္ေနတာ။ ညေနပိုင္းမွာ ေက်ာင္းခ်င္းကပ္ေနေတာ့ အိမ္နီးနားခ်င္းစကားမ်ားတဲ့ သေဘာပါပဲ။ ေဒါသမထိန္းႏိုင္လို႔ ဓါးနဲ႔ထိုးမိလိုက္တာ။ ထိုးတဲ့ဓါးကလည္း မီးဖိုေခ်ာင္သံုးဓါးပါ။ ဓါးထိုးခံရတဲ့ ဘုန္းႀကီးအသက္အႏၱရာယ္ေတာ့ စိုးရိမ္စရာမရွိပါဘူး။ မေန႔ညက ခြဲစိတ္ခန္း၀င္ထားတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေအးလြင္က ေျပာသည္။

ဓါးျဖင့္ထိုးသည့္ သီလရွင္ဆရာေလးအား သာသနာေရးဦးစီးဌာနႏွင့္ ပူးေပါင္း၍ ဥပေဒအရအေရးယူ အမႈဖြင့္လွစ္ထားၿပီး ဓါးျဖင့္ ထိုးခံရသည့္ ဦးဇင္းမွာ ၀မ္းဗိုက္ ၀ဲနံရိုးေအာက္တြင္ ထိုးသြင္းဒဏ္ရာ (၄)လက္မခန္႔ရရွိၿပီး ေဆးရံုတြင္ ေဆးကုသမႈခံယူေနကာ အသက္အႏၱရာယ္စိုးရိမ္စရာမရွိေၾကာင္း သိရသည္။

ဓါးျဖင့္ ထိုးခံရသည့္ ဦးဇင္း ကၠႏၱ၀ါသမွာ သက္ေတာ္(၅၆)ႏွစ္ ၀ါေတာ္(၁)၀ါသာရွိေသးၿပီး ဓါးျဖင့္ထိုးသည့္ သီလရွင္ ဆရာေလး ေဒၚမာလာရီမွာ သက္ေတာ္(၅၈)ႏွစ္ ၀ါေတာ္(၇)၀ါရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဓါးျဖင့္ထိုးသည့္ ၀မ္မိုင္ဘုန္းေတာ္ႀကီးေက်ာင္း၊ ေ၀ဘာဂီေက်ာင္းေဆာင္မွ သီလရွင္ ေဒၚမာလာရီ(ခ)၀င္းေမအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္း(ပ)၁၆၄/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ဝမ်မိုင်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် သြဂုတ်လ(၂၃)ရက်နေ့ ညနေပိုင်းက ဘုန်းတော်ကြီးနှင့် သီလရှင်စကားများရာမှ ဓာထိုးမှုဖြစ်ပွားခဲ့ရာ သီလရှင်အား တာချီလိတ်မြို့မရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

"အဓိက စကားများတာကတော့ သီလရှင်ကျောင်းနဲ့ ဓားထိုးခံရတဲ့ ဘုန်းကြီးရဲ့ ကျောင်းဆောင်က ကပ်နေတာ။ ညနေပိုင်းမှာ ကျောင်းချင်းကပ်နေတော့ အိမ်နီးနားချင်းစကားများတဲ့ သဘောပါပဲ။ ဒေါသမထိန်းနိုင်လို့ ဓားနဲ့ထိုးမိလိုက်တာ။ ထိုးတဲ့ဓားကလည်း မီးဖိုချောင်သုံးဓားပါ။ ဓားထိုးခံရတဲ့ ဘုန်းကြီးအသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး။ မနေ့ညက ခွဲစိတ်ခန်းဝင်ထားတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အေးလွင်က ပြောသည်။

ဓားဖြင့်ထိုးသည့် သီလရှင်ဆရာလေးအား သာသနာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဥပဒေအရအရေးယူ အမှုဖွင့်လှစ်ထားပြီး ဓားဖြင့် ထိုးခံရသည့် ဦးဇင်းမှာ ဝမ်းဗိုက် ဝဲနံရိုးအောက်တွင် ထိုးသွင်းဒဏ်ရာ (၄)လက်မခန့်ရရှိပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေကာ အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း သိရသည်။

ဓားဖြင့် ထိုးခံရသည့် ဦးဇင်း က္ကန္တဝါသမှာ သက်တော်(၅၆)နှစ် ဝါတော်(၁)ဝါသာရှိသေးပြီး ဓားဖြင့်ထိုးသည့် သီလရှင် ဆရာလေး ဒေါ်မာလာရီမှာ သက်တော်(၅၈)နှစ် ဝါတော်(၇)ဝါရှိပြီဖြစ်ကြောင်း သိရသည်။

ဓားဖြင့်ထိုးသည့် ဝမ်မိုင်ဘုန်းတော်ကြီးကျောင်း၊ေဝဘာဂီကျောင်းဆောင်မှ သီလရှင် ဒေါ်မာလာရီ(ခ)ဝင်းမေအား တာချီလိတ်မြို့မရဲစခန်း(ပ)၁၆၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~