ကျောက်မဲမြို့တွင် ပိုးတွေ့လူနာစီးနင်းလာသည့် ကုန်တင်ယာဉ်ဖြင့် ပစ္စည်းသွားပို့ခဲ့သည့် ဆိုင်ပေါင်း (၁၀) ဆိုင်ကို အသွားအလာ ကန့်သတ်

ကျောက်မဲမြို့တွင် ပိုးတွေ့လူနာစီးနင်းလာသည့် ကုန်တင်ယာဉ်ဖြင့် ပစ္စည်းသွားပို့ခဲ့သည့် ဆိုင်ပေါင်း (၁၀) ဆိုင်ကို အသွားအလာ ကန့်သတ်
ဒီဇင်ဘာ 16, 2020
By Tachileik News Agency

 

ကျောက်မဲမြို့တွင် ပိုးတွေ့လူနာစီးနင်းလာသည့် ကုန်တင်ယာဉ်ဖြင့် ပစ္စည်းသွားပို့ခဲ့သည့် ဆိုင်ပေါင်း (၁၀) ဆိုင်ကို အသွားအလာ ကန့်သတ်

 
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့မှ ပိုးတွေ့လူနာအမျိုးသမီး စီးနင်းလာသည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်းနှင့် ကုန်ချခဲ့သည့် ဆိုင်ပေါင်း (၁၀)ဆိုင်မှ ဆိုင်ရှင်နှင့်ဝန်ထမ်းများအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှစ၍ အသွားအလာကန့်သတ်ထားပြီဖြစ်ကြောင်း သိရသည်။
“အဲဒီကားက မြို့ထဲပတ်ပြီးတော့ ကုန်ချခဲ့တာဆိုတော့ ကားမောင်းတဲ့သူနဲ့ ကုန်ချတဲ့သူတွေကို အသွားအလာ ကန့်သတ်ထားလိုက်တယ်။ ပြီးတော့ အဲဒီကားကနေပြီး လိုက်ပြီးကုန်တွေချခဲ့တဲ့ ဆိုင်တွေကိုလည်း ယာယီပိတ်ထားပြီး ဆိုင်ရှင်တွေနဲ့ ဆိုင်ဝန်ထမ်းတွေကိုတော့ နေအိမ်အသွားအလာ ကန့်သတ်ထားတယ်။ ပထမ ထိတွေ့မှုရှိတဲ့ ကားပေါ်ကလူတွေရဲ့ ဓာတ်ခွဲအဖြေထွက်တဲ့အထိ ဆိုင် (၁၀) ဆိုင်ကတော့ အသွားအလာကန့်သတ်ထားမယ်” ဟု ကျောက်မဲခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်  ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၁၆) ရက်နေ့လယ်တွင် ပြောသည်။
ပိုးတွေ့သူ အမျိုးသမီးသည် ခင်ပွန်းဖြစ်သူမောင်းနှင်သော ကုန်တင်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲသို့ ရောက်လာသူဖြစ်၍ အထက (၃) ၌ အသွားအလာကန့်သတ်ထားကာ ဓာတ်ခွဲစစ်ဆေးရာမှ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ပိုးတွေ့ကြောင်း ဓာတ်ခွဲအဖြေရခဲ့ခြင်းဖြစ်သည်။
 အဆိုပါကုန်တင်ယာဉ်ကို မြို့တွင်းအဝင်တွင် ယာဉ်မောင်းလဲလှယ်မောင်းနှင်စေပြီး  ကျောက်မဲမြို့တွင်းသို့ ကုန်များဝင်ချခဲ့သည့်အတွက် ကုန်ချခဲ့သောဆိုင်များကို မြို့နယ်ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီ၏ ဆုံးဖြတ်မှုဖြင့် ယာယီပိတ်ထားကာ အသွားအလာကန့်သတ်လိုက်ခြင်း ဖြစ်သည်။
ပိုးတွေ့လူနာအမျိုးသမီးအား ကျောက်မဲပြည်သူ့ဆေးရုံရှိ ကုသဆောင်သို့ ပို့ဆောင်ထားပြီဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~