ကျောက်မဲမြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစု (၃၁၇၄) စုကို စားနပ်ရိက္ခာပေးဝေ

ကျောက်မဲမြို့နယ်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစု (၃၁၇၄) စုကို စားနပ်ရိက္ခာပေးဝေ
ဧပြီ 11, 2020
By Tachileik News Agency
 ကျောက်မဲမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစု (၃,၁၇၄) စုကို စားနပ်ရိက္ခာပေးဝေ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား မိသားစု (၃,၁၇၄)စုကို သင်္ကြန်ပိတ်ရက်ရှည်ကာလအတွက် အစိုးရက ထောက်ပံ့သည့် စားနပ်ရိက္ခာများအား ကျောက်မဲမြို့၊ မြို့တော်ခန်းမတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့မှစ၍ ပေးဝေနေကြောင်း သိရသည်။

သင်္ကြန်ပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသုံးကုန် (၅) မျိုးပါဝင်သည့် စားနပ်ရိက္ခာထောက်ပံ့ပေးနေရာတွင် လူစုလူဝေးမဖြစ်စေရန်အတွက် အိမ်တိုင်ရာရောက် လိုက်လံဖြန့်ဝေပေးသည့်စနစ်ကို အသုံးပြုသည့်ဒေသများရှိပြီး ကျောက်မဲမြို့တွင် လိုက်လံမပေးနိုင်သဖြင့် မြို့တော်ခန်းမသို့ လာယူစေသည့်စနစ်ဖြင့် ပေးဝေနေကြောင်း သိရသည်။

မြို့ပါ်ရပ်ကွက်တွေကတော့ ခုလိုပဲခေါ်ပြီးပေးအပ်မယ်။ ဒီနေ့အတွက် ပဲနဲ့ ကြက်သွန်က မြို့ပါ်ကနေပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ်ယူရတာဆိုတော့ ဈေးနည်းနည်း ကြီးနေတယ်။  နောက်အစီအစဉ်ေ တွအတွက်ကတော့ အဲဒီ (၂) မျိုးကို ပခုက္ကူမြို့ကနေ မှာထားတယ်။ ရွာတွေထိတော့ လိုက်မပေးနိုင်လို့ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးပေးမှာ

ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၅)နှင့် ရပ်ကွက် (၆)တို့ကို ဧပြီလ (၁၁)ရက်နေ့တွင် ဖြန့်ဝေပေးခြင်းဖြစ်ပြီး ဧပြီလ (၁၂) ရက်နေ့တွင် ကျေးရွာအုပ်စု (၅၀)နှင့် မြို့ပေါ်ရပ်ကွက် (၅)ခုတို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်တို့ကို ဧပြီလ (၁၃) ရက်နေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~