ရခိုင်ပြည်နယ်မှ ပြန်လာသူများ ကျန်းမာရေးစစ်ဆေးမှုခံယူရန် ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းနေ၍ ပြင်းထန်စွာအရေးယူမည်ဟု ထပ်မံသတိပေးထားရ

ရခိုင်ပြည်နယ်မှ ပြန်လာသူများ ကျန်းမာရေးစစ်ဆေးမှုခံယူရန် ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းနေ၍ ပြင်းထန်စွာအရေးယူမည်ဟု ထပ်မံသတိပေးထားရ
စက်တင်ဘာ 2, 2020
By 🌸
ရခိုင်ပြည်နယ်မှ ပြန်လာသူများ  ကျန်းမာရေးစစ်ဆေးမှုခံယူရန် ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းနေ၍ ပြင်းထန်စွာအရေးယူမည်ဟု ထပ်မံသတိပေးထားရ
COVID 19 ပြည်တွင်းကူးစက်မှုမြင့်တက်နေသည့် ရခိုင်ပြည်နယ်တွင်း ခရီးသွားလာခဲ့သူများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူရန် သက်ဆိုင်ရာသို့ ဆက်သွယ်ကြရန် သတိပေးနှိုးဆော်ထားပြီး မလိုက်နာပါက ပြင်းထန်စွာအရေးယူတော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့၌ သတင်းထုတ်ပြန်သည်။
COVID 19 ကူးစက်နိုင်ချေမြင့်မားသဖြင့် ရခိုင်ပြည်နယ်တွင်းမှ အခြားဒေသများသို့ ရောက်နေသူများ၊ ရခိုင်ပြည်နယ်သို့ ခရီးသွားလာခဲ့ပြီး သက်ဆိုင်ရာနေရပ်အသီးသီး ပြန်ရောက်နေသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့များထံ ဆက်သွယ်၍ အခမဲ့ကျန်းမာရေးစစ်ဆေးမှု ခံယူကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။
ယင်းအပြင် ရခိုင်ပြည်နယ်မှ လေကြောင်းခရီးဖြင့် ရန်ကုန်သို့ရောက်နေသူ (၅၄၀၉)ဦးကို ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့က ဖုန်းဖြင့်ဆက်သွယ်ကြရာ ဖုန်းလက်ခံဖြေကြားသူ (၂၂၁၂)ဦးသာရှိပြီး ယင်းတို့အထဲမှ ( ၁၃၀၂)ဦးကသာ နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးဌာနများသို့ ဆက်လက်သတင်းပို့ကြပြီး အသွားအလာကန့်သတ်နေထိုင်ခြင်းအား ပူးပေါင်းဆောင်ရွက်သူမှာ ( ၁၁၄၂)ဦးသာရှိကြောင်း သိရသည်။
ရောဂါကူးစက်ခံထားရနိုင်ချေရှိသူများအနေဖြင့် အခြားသူများထံ ဆက်လက်ကူးစက်ပျံ့နှံ့ခြင်းမဖြစ်စေရန် အသွားအလာကန့်သတ်နေထိုင်ပြီး ဓာတ်ခွဲနမူနာ စစ်ဆေးခြင်း လုပ်ဆောင်ရမည်ဖြစ်သော်လည်း အများစုက ပူးပေါင်းလုပ်ဆောင်ကြခြင်းမရှိ၍ တည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူခံရနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးလာခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် တွေ့ရသော COVID 19 ရောဂါဖြစ်ပွားသူများ (၇၁)ရာခိုင်နှုန်းသည် အမြင်အားဖြင့် ရောဂါလက္ခဏာမပြဘဲ နေကောင်းကျန်းမာစွာရှိနေသူများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းအထိ COVID 19 အတည်ပြုလူနာ (၉၃၈)ဦးအထိ တိုးလာပြီး ရခိုင်ပြည်နယ်တွင်း ရောဂါဖြစ်ပွားရာနေရာများမှ ပြန်လာသူများအား စစ်ဆေးရာတွင် ရောဂါလက္ခဏာပြသခြင်းမရှိဘဲ COVID 19 ကူးစက်ခံထားရသူများကို တွေ့နေရခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~