ကျောက်မဲမြို့တွင် မြို့နယ်ကော်မရှင်ဥက္ကဌ၏ နေအိမ် ပစ်ခတ်ခံရပြီးနောက် Covid-19 ကာကွယ်ရေးနှင့်အတူ ညမထွက်ရ အမိန့်ထုတ်

ကျောက်မဲမြို့တွင် မြို့နယ်ကော်မရှင်ဥက္ကဌ၏ နေအိမ် ပစ်ခတ်ခံရပြီးနောက် Covid-19 ကာကွယ်ရေးနှင့်အတူ ညမထွက်ရ အမိန့်ထုတ်
နိုဝင်ဘာ 15, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် မြို့နယ်ကော်မရှင်ဥက္ကဌ၏ နေအိမ် ပစ်ခတ်ခံရပြီးနောက် Covid-19 ကာကွယ်ရေးနှင့်အတူ ညမထွက်ရ အမိန့်ထုတ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့  နံနက်အစောပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ၏ နေအိမ်အား ပစ်ခတ်ခံရမှုဖြစ်ပွားပြီးနောက် ကျောက်မဲမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်သည်။
နေ့စဉ် ည (၁၂)နာရီမှ မနက် (၄)နာရီအတွင်း ညမထွက်ရအမိန့်ချိုးဖေါက်သူများအား အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းကဲ့သို့ထုတ်ပြန်ခြင်းမှာ ပစ်ခတ်မှုနှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုသည်။ 
“တစ်ကယ်ကတော့ ကိုဗစ်အန္တရာယ်ကြောင့်ပေါ့နော်။ ညမထွက်ရအမိန့်ကလည်း နှစ်လတစ်ခါထုတ်ပြန် နေတာဆိုတော့ ဒီနေ့ကနေစပြီး နှစ်လကြာသည်အထိ အမိန့်ကို သက်တမ်းထပ်တိုးလိုက်တာပါ။ ကျောက်မဲတစ်မြို့တည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အဲဒီလို ညမထွက်ရအမိန့်ထုတ်ထားတာပါ” ဟု ကျောက်မဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း Covid-19  ရောဂါကူးစက်ခံရမှုမရှိစေရေးအတွက်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အမိန့်အမှတ်( ၇ / ၂၀၂၀ ) ဖြင့် ညမထွက်ရအမိန့်ကို ကြေညာလိုက်ခြင်းဖြစ်ပြီး ယခင်က ညမထွက်ရအမိန့်ချိုးဖေါက်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့မှု မရှိသေးသော်လည်း နိုဝင်ဘာလ (၁၅)ရက်နေ့ညပိုင်းမှစ၍ ဖမ်းဆီးအရေးယူမှု လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်း နေ့စဉ် ည (၁၂) နာရီမှ နောက်တစ်နေ့ နံနက် ( ၄ ) နာရီအထိ ညမထွက်ရအမိန့်ကို (၂) လသတ်မှတ်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကျောက်မဲမြို့တွင် နိုဝင်ဘာလ (၁၅) ရက်နေ့အကူး နံနက် (၀၀: ၃၀) နာရီဝန်းကျင်က အမှတ် (၈ )ရပ်ကွက်၊ နယ်မြေ ( ၁၀ )၊ မြို့နယ်ဘောလုံးကွင်းလမ်းရှိ မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ၏ နေအိမ်အား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~