နောင်ချို - ကျောက်မဲ လမ်းပိုင်းရှိ ဂုတ်တွင်းလမ်းတွင် မတော်တဆမှု အမျိုးမျိုးကြောင့် ထိခိုက်သေဆုံး သွားကြသူများနှင့် မကျွတ်မလွတ်သေးကြသူမျာအတွက် ရည်ရွယ်ကာ ၀ါဆိုသင်္ကန်းလှူဒါန်းကာ အမျှဝေ

နောင်ချို - ကျောက်မဲ လမ်းပိုင်းရှိ ဂုတ်တွင်းလမ်းတွင် မတော်တဆမှု အမျိုးမျိုးကြောင့် ထိခိုက်သေဆုံး သွားကြသူများနှင့် မကျွတ်မလွတ်သေးကြသူမျာအတွက် ရည်ရွယ်ကာ ၀ါဆိုသင်္ကန်းလှူဒါန်းကာ အမျှဝေ
ဇူလိုငျ 16, 2019
By Tachileik News Agency

မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် မတော်တဆမှု အမျိုးမျိုးကြောင့် ထိခိုက်သေဆုံး သွားကြသူများနှင့် မကျွတ်မလွတ်သေးကြသူများ အတွက် ရည်ရွယ်ကာ နောင်ချို - ကျောက်မဲ လမ်းပိုင်းရှိ ဂုတ်တွင်းလမ်းမှ ယာဉ်ထိန်းရဲကင်းအနီးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် အမျှအတန်းပေးဝေခြင်းတို့ကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။


"မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားကြသူတွေ၊ မကျွတ်မလွတ်သေးတဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ ဝါဆိုသင်္ကန်းကပ်လှူခြင်းနဲ့ အမျှအတမ်းပေးဝေခြင်း ပြုလုပ်ပေးတာဖြစ်ပါတယ်၊"ဟု အစီအစဉ်ပြုလုပ်သည့် နောင်ချိုမီဒီယာဂရုမှ ကိုမျိုးသန့်အောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် မတော်တဆမှု အမျိုးမျိုးကြောင့် ထိခိုက်သေဆုံး သွားကြသူများနှင့် မကျွတ်မလွတ်သေးကြသူများ အတွက် ရည်ရွယ်ကာ နောင်ချို - ကျောက်မဲ လမ်းပိုင်းရှိ ဂုတ်တွင်းလမ်းမှ ယာဉ်ထိန်းရဲကင်းအနီးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် အမျှအတန်းပေးဝခြေင်းတို့ကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။

မူဆယ် - မန္တလေး - ရန်ကုန် - မြဝတီ ကုန်တင်ကားကြီးများအဖွဲ့( လူမှုကွန်ရက်) နှင့် နောင်ချိုမီဒီယာဂရု( လူမှုကွန်ရက်)တို့က ဦးဆောင်ပြုလုပ်သည့် အဆိုပါ အစီအစဉ်တွင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်း သွားလာနေသော ယာဉ်ကြီး ယာဉ်ငယ်များ၊ အမှတ် ( ၁၂၂ ) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်မဲ)၊ အိုရီယမ်တယ်ဟိုက်ဝေး ကုမ္ပဏီ နှင့် ဂုတ်တွင်းရဲကင်းစသည်တို့မှ လှူဒါန်းပါဝင်ငွေ စုစုပေါင်းကျပ်သိန်း (၂၀)ခန့်ကို အသုံးပြု၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

"မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားကြသူတွေ၊ မကျွတ်မလွတ်သေးတဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ ဝါဆိုသင်္ကန်းကပ်လှူခြင်းနဲ့ အမျှအတမ်းပေးဝခြေင်း ပြုလုပ်ပေးတာဖြစ်ပါတယ်၊"ဟု အစီအစဉ်ပြုလုပ်သည့် နောင်ချိုမီဒီယာဂရုမှ ကိုမျိုးသန့်အောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပင့်ဖိတ်ထားသည့် ဆရာတော်(၁၀)ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ပစ္စည်းလေးပါးဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းကပ်ခြင်း တို့ကို ဇူလိုင်လ (၁၆)ရက် နံနက် (၁၁)နာရီက ပြုလုပ်ခဲ့ပြီး မေတ္တာသုတ်ရွတ်ဖတ်အမျှဝေကာ ပရိတ်ရေဗူး (၃၀၀) ကျော်ကိုလဲ ဖြတ်သန်းသွားလာနေသည့် ယာဉ်ကြီး၊ ယာဉ်ငယ်များကို ပေးဝေခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net