ကျောက်မဲမြို့သို့ ကနီမြို့နယ်မှလာ၍ Quarantine သတ်မှတ်ထားသည့် အမျိုးသားတစ်ဦးထံက COVID 19 ပိုးတွေ့

ကျောက်မဲမြို့သို့ ကနီမြို့နယ်မှလာ၍ Quarantine သတ်မှတ်ထားသည့် အမျိုးသားတစ်ဦးထံက COVID 19 ပိုးတွေ့
နိုဝင်ဘာ 7, 2020
By Tachileik News Agency
ကျောက်မဲမြို့သို့ ကနီမြို့နယ်မှလာ၍ Quarantine သတ်မှတ်ထားသည့် အမျိုးသားတစ်ဦးထံက   COVID 19 ပိုးတွေ့
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် ကနီမြို့နယ်၊ ချောင်းဦးကျေးရွာ ဘက်မှလာ၍ Quarantine ထားသည့် အသက် (၂၇) နှစ်အရွယ် အမျိုးသားတစ်ဦးတွင် COVID 19 ပိုးတွေ့ကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် ကျောက်မဲပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
“ လူနာဖြစ်သူက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းဦးရွာကနေ ၃၁. ၁၀. ၂၀၂၀ ညနေပိုင်းက ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကိုလာခဲ့ပြီး နိုဝင်ဘာ (၁) ရက်နေ့မှာ ရောက်လာတာဖြစ်ပါတယ်။ နောင်ပိန်ကျေးရွာလမ်းခွဲကနေ Facility Quarantine စင်တာရှိရာ စာသင်ကျောင်းဆီကို တိုက်ရိုက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာထားထားရင်းနဲ့ တို့ဖတ်နမူနာယူပြီး စစ်ဆေးခဲ့ရာမှာ နိုဝင်ဘာ (၇) ရက်နေ့အဖြေအရ ပိုးတွေ့ခဲ့တာပါ၊ လက်ရှိမှာ ကျောက်မဲပြည်သူ့ဆေးရုံ သီးသန့်ဆောင်ကို ပို့ဆောင်‌ရွှေ့ပြောင်းထားပါတယ်” ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါအမျိုးသားသည် နောင်ပိန်ကျေးရွာရှိ ပျားမွေးမြူရေးလုပ်ငန်းတစ်ခုအတွက် အလုပ်လုပ်ရန် လာရောက်သူဖြစ်ကြောင်းသိရပြီး ၎င်းအတွက်ဈေးဝယ်ပေးရန်ထိတွေ့ခဲ့သူ (၁)ဦးရှိခဲ့ပြီး အဆိုပါ ထိတွေ့သူကိုလည်း အသွားအလာကန့်သတ်ထားပြီး မိသားစုဝင်များကို နေအိမ်အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
ကျောက်မဲမြို့တွင် နိုဝင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းအထိ COVID 19 အတည်ပြုလူနာ (၇)ဦးတွေ့ရှိထားပြီး (၆)ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~