ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး

ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး
နိုဝင်ဘာ 23, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦးထပ်တိုး 
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဝါရီကောခူ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၌ RDT ဖြင့် စစ်ဆေးရာ မန္တလေးမှ ကုန်တင်ပြီး ပြန်လာသည့် ယာဉ်မောင်းတစ်ဦး၌ COVID 19  ပိုးတွေ့ရသဖြင့် နိုဝင်ဘာလ (၂၃)ရက်နေ့ ညနေပိုင်းအထိ အတည်ပြုလူနာ (၁၉)ဦး ရှိလာပြီဖြစ်သည်။
လွိုင်ကော်မြို့၊ ဝါရီကောခူ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် နိုဝင်ဘာလ (၂၃)ရက်နေ့က ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၅၈) ဦးတို့အား RDT ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
COVID -19 ပိုးတွေ့ရှိသည့် အသက်(၃၅)နှစ်အရွယ် ယာဉ်မောင်းသည် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မန္တလေးမှ ကုန်တင်၍ အပြန်လမ်းတွင် နှစ်ညအိပ်ခဲ့ပြီး  နိုဝင်ဘာလ (၂၂) ရက်နေ့တွင်  လွိုင်ကော်မြို့ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာမှာ ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးမည်ဖြစ်သည်။
အဆိုပါ အတည်ပြုလူနာယာဉ်မောင်းနှင့် ထိတွေ့မှုရှိခဲ့သည့် ယာဉ်နောက်လိုက်နှင့် အခြား (၃) ဦး စုစုပေါင်း (၄) ဦးတို့အား လတ်တလော  RDT ဖြင့် စစ်ဆေးချက်အရ ပိုးမတွေ့ရသော်လည်း  လွိုင်ကော်မြို့ န.တ.လ သင်တန်း ကျောင်း  Quarantine Center တွင်ထားရှိ၍ ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ 
ကယားပြည်နယ်တွင် နိုဝင်ဘာလ (၂၃) ရက်နေ့ထိ Covid-19 အတည်ပြုလူနာ (၁၉) ဦးအထိရှိလာပြီဖြစ်ပြီး ပိုးကင်းစင်၍ ဆေးရုံဆင်းသည့်လူနာ (၁၁)ဦးရှိပြီဖြစ်သည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ-ကယားပြည်နယ် ကြက်ခြေနီအဖွဲ့

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~