ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္းရွိ ဘူကလိန္ေခ်ာင္း ကမ္းပါးၿပိဳက်ရာမွ ေမ်ာပါသြားသည့္ အမ်ိဳးသမီးအား ေလးရက္ေျမာက္ေန႔တြင္ အေလာင္း ျပန္လည္ ေတြ႔ရိွ

ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္းရွိ ဘူကလိန္ေခ်ာင္း ကမ္းပါးၿပိဳက်ရာမွ ေမ်ာပါသြားသည့္ အမ်ိဳးသမီးအား ေလးရက္ေျမာက္ေန႔တြင္ အေလာင္း ျပန္လည္ ေတြ႔ရိွ
ဇွန် 16, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ဒန္တိုေက်းရြာရွိ ဘူကလိန္ေခ်ာင္းကမ္းပါးၿပိဳက်ရာမွ ကမ္းပါးအနီးတြင္ လယ္ယာလုပ္ကိုင္ေနသည့္ အသက္(၁၈)ႏွစ္အရြယ္ အမ်ိဳးသမီး တစ္ဦး ေမ်ာပါသြားၿပီး ေလးရက္ေျမာက္ေန႔တြင္ ကန္ကလိုေခ်ာင္းအတြင္း အေလာင္းျပန္ေတြ႔ရေၾကာင္း သိရသည္။

ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ခူးပရားေက်းရြာအုပ္စု၊ ဒန္တိုေက်းရြာေန ေမာင္တာမလာတူး ႏွင့္အတူ ညီမမ်ားျဖစ္ၾကသည့္ မနန္းတုႏွင့္ မအယ္ခူးေခါတို႔ (၃)ဦးမွာ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၂) ရက္ေန႔က လယ္ေတာတြင္ အလုပ္လုပ္ေနစဥ္ လယ္ေတာအနီးရွိ ဘူးကလိန္ေခ်ာင္းတြင္းမွ သစ္ကိုင္းအား ဆယ္ယူရာ ကမ္းပါးၿပိဳက်သြားၿပီး မနန္းတုမွာ ေခ်ာင္းအတြင္း ေမ်ာပါသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"နန္းတုနဲ႔ သူ႔အစ္မ အယ္ခူေခါက အဲဒီေခ်ာင္းထဲက သစ္ကိုင္းကို ဆယ္တာေပါ့။ လယ္ထဲမွာ လိုလို႔ျဖစ္မွာ။ မိုးကအဆက္မျပတ္ရြာထားေတာ့ ေရကလည္းႀကီးေနတယ္။ သူ႔အစ္မ ဆယ္ေနတာကို သူကသြားဝိုင္းလုပ္ရင္းနဲ႔ ပါသြားတာ။ ကမ္းပါးၿပိဳေတာ့  ႏွစ္ေယာက္လုံးပါသြားတာ။ သူ႔အစ္မကေတာ့ မီွတဲ့သစ္ကိုင္းကို လွမ္းဆြဲမိလိုက္ေတာ့ အေပၚျပန္ေရာက္တယ္။ သူ႔ညီမကက်ေတာ့ မိုးကာလည္း ဝတ္ထားေတာ့ အဲဒီထဲကို ေရဝင္တဲ့အ႐ွိန္နဲ႔ ျမဳပ္ၿပီး တစ္ခါတည္း ေမ်ာသြားတာ။ ေရက ေတာ္ေတာ္ႀကီးတယ္။  ကယ္ဆယ္ေရးလုပ္တဲ့အဖြဲ႔ေတြေတာင္ ျဖတ္လို႔မရဘူး"ဟု ရွာေဖြေရး လုပ္ေဆာင္ခဲ့သည့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ကယ္ဆယ္ေရးအဖြဲ႕က ဇြန္လ (၁၅) ရက္ေန႔ နံနက္ (၁၀)နာရီခြဲဝန္းက်င္တြင္ အေလာင္းအား ကန္ကလိုေခ်ာင္းအတြင္း ျပန္ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

၎ေသဆုံးမႈအား ဒီးေမာ့ဆိုၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၃/၂၀၁၈) ျဖင့္ ေရးဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒန်တိုကျေးရွာရှိ ဘူကလိန်ချောင်းကမ်းပါးပြိုကျရာမှ ကမ်းပါးအနီးတွင် လယ်ယာလုပ်ကိုင်နေသည့် အသက်(၁၈)နှစ်အရွယ် အမျိုးသမီး တစ်ဦး မျောပါသွားပြီး လေးရက်မြောက်နေ့တွင် ကန်ကလိုချောင်းအတွင်း အလောင်းပြန်တွေ့ရကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၊ ခူးပရားကျေးရွာအုပ်စု၊ ဒန်တိုကျေးရွာနေ မောင်တာမလာတူး နှင့်အတူ ညီမများဖြစ်ကြသည့် မနန်းတုနှင့် မအယ်ခူးခေါတို့ (၃)ဦးမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့က လယ်တောတွင် အလုပ်လုပ်နေစဉ် လယ်တောအနီးရှိ ဘူးကလိန်ချောင်းတွင်းမှ သစ်ကိုင်းအား ဆယ်ယူရာ ကမ်းပါးပြိုကျသွားပြီး မနန်းတုမှာ ချောင်းအတွင်း မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"နန်းတုနဲ့ သူ့အစ်မ အယ်ခူခေါက အဲဒီချောင်းထဲက သစ်ကိုင်းကို ဆယ်တာပေါ့။ လယ်ထဲမှာ လိုလို့ဖြစ်မှာ။ မိုးကအဆက်မပြတ်ရွာထားတော့ ရေကလည်းကြီးနေတယ်။ သူ့အစ်မ ဆယ်နေတာကို သူကသွားဝိုင်းလုပ်ရင်းနဲ့ ပါသွားတာ။ ကမ်းပါးပြိုတော့ နှစ်ယောက်လုံးပါသွားတာ။ သူ့အစ်မကတော့ မှီတဲ့သစ်ကိုင်းကို လှမ်းဆွဲမိလိုက်တော့ အပေါ်ပြန်ရောက်တယ်။ သူ့ညီမကကျတော့ မိုးကာလည်း ဝတ်ထားတော့ အဲဒီထဲကို ရေဝင်တဲ့အရှိန်နဲ့ မြုပ်ပြီး တစ်ခါတည်း မျောသွားတာ။ ရေက တော်တော်ကြီးတယ်။ ကယ်ဆယ်ရေးလုပ်တဲ့အဖွဲ့တွေတောင် ဖြတ်လို့မရဘူး"ဟု ရှာဖွေရေး လုပ်ဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့က ဇွန်လ (၁၅) ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်တွင် အလောင်းအား ကန်ကလိုချောင်းအတွင်း ပြန်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသေဆုံးမှုအား ဒီးမော့ဆိုမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၈) ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~