နိုင်ငံ့ဝန်ထမ်းများ စက်တင်ဘာလ (၉)ရက်နေ့က စ၍ ခရီးသွားလာခြင်း မပြုရန်နှင့် ဝန်ထမ်းဦးရေ တစ်ဝက်သာ ရုံးတက်ရန် ကန့်သတ်

နိုင်ငံ့ဝန်ထမ်းများ စက်တင်ဘာလ (၉)ရက်နေ့က စ၍ ခရီးသွားလာခြင်း မပြုရန်နှင့် ဝန်ထမ်းဦးရေ တစ်ဝက်သာ ရုံးတက်ရန် ကန့်သတ်
စက်တင်ဘာ 8, 2020
By Tachileik News Agency
နိုင်ငံ့ဝန်ထမ်းများ  စက်တင်ဘာလ (၉)ရက်နေ့က စ၍ ခရီးသွားလာခြင်း မပြုရန်နှင့် ဝန်ထမ်းဦးရေ တစ်ဝက်သာ ရုံးတက်ရန် ကန့်သတ်
ရုံးဌာနအသီးသီးတွင် ဝန်ထမ်းဦးရေ တစ်ဝက်စီဖြင့် ရုံးတက်တာဝန်ထမ်းဆောင်ပြီး ကျန်ဝန်ထမ်းများ မိမိတို့ နေအိမ်၊ အဆောင်မှ တာဝန်ချိန် ထမ်းဆောင်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများ တာဝန်နှင့် နာရေးကိစ္စမှလွဲ၍ ခရီးသွားလာခြင်းမပြုရန် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှစ၍ ကန့်သတ်လိုက်သည်။
“ အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားလာတာက နိုင်ငံ့ဝန်ထမ်းတွေ စက်တင်ဘာလ (၉) ရက်နေ့ကနေစပြီး တာဝန်နှင့် နာရေးကိစ္စဆောင်ရွက်ရန်မှအပ ခရီးသွားလာခြင်းခွင့်မပြုဆိုတဲ့စာ ဝင်ထားတယ်။ နောက်တစ်ခုကတော့ ရုံးဌာနတွေမှာ ဝန်ထမ်းတွေကို (၅၀) ရာခိုင်နှုန်းသာ တာဝန်ထမ်းဆောင်စေဖို့ ကျန်တဲ့ (၅၀) ရာခိုင်နှုန်းကတော့ မိမိတို့နေအိမ်၊ အဆောင်တွေမှာ တာဝန်ချိန်အနေနဲ့ သတ်မှတ်ဖို့နဲ့ ရုံးမှလိုအပ်လို့ခေါ်ရင် အချိန်နဲ့ တပြေးညီ ရုံးကိုလာရောက်တာဝန်ထမ်းဆောင်စေရမယ်ဆိုတဲ့ ညွှန်ကြားတဲ့စာထွက်ထားပါတယ် “ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက စက်တင်ဘာလ (၇)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒုတိယလှိုင်းတွင် တွေ့ရသည့် COVID 19 ဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲမှုတွေ့ရပြီး ယခင်ထက် ကူးစက်မှုပိုမိုမြန်ဆန်သဖြင့် လူစုလူဝေးဖြစ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တားမြစ်ထားပြီး လူစုလူဝေးမဖြစ်စေရေးအတွက် အမျိုးသားအဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက နိုင်ငံ့ဝန်ထမ်းများအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ နေ့စွဲဖြင့် ညွှန်ကြားထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့မှစတင်သည့် COVID 19 ဒုတိယလှိုင်းတွင် ပထမလှိုင်းထက် ကူးစက်သူပိုမိုများပြားနေပြီး စက်တင်ဘာလ (၈)ရက်နေ့အထိ အတည်ပြုလူနာ (၁၆၁၀)ဦး ရှိပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~