ကျောက်မဲတွင် မဲဆန္ဒရှင်လက်မှတ် (၂၅)စောင်ဖြင့် ဆန္ဒမဲလာပေးသူတစ်ဦးကို တွေ့ရှိ

ကျောက်မဲတွင် မဲဆန္ဒရှင်လက်မှတ် (၂၅)စောင်ဖြင့် ဆန္ဒမဲလာပေးသူတစ်ဦးကို တွေ့ရှိ
နိုဝင်ဘာ 8, 2020
By Tachileik News Agency
ကျောက်မဲတွင် မဲဆန္ဒရှင်လက်မှတ် (၂၅)စောင်ဖြင့် ဆန္ဒမဲလာပေးသူတစ်ဦးကို တွေ့ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ မဲရုံအမှတ် (၃) တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ဆန္ဒမဲပေးမှုအတွင်း မဲဆန္ဒရှင်လက်မှတ် (၂၅) စောင်ဖြင့် ဆန္ဒမဲလာပေးသူ (၁)ဦးအား စစ်ဆေးတွေ့ရကြောင်း သိရသည်။
အမှတ် (၈) ရပ်ကွက် အမက (၁၀)တွင် ဖွင့်ထားသည့် မဲရုံအမှတ် (၃)၌ မဲလာပေးသည့်အမျိုးသားတစ်ဦးက မဲဆန္ဒရှင်လက်မှတ် (၂၅)စောင် ယူလာသည်ကိုတွေ့ရသဖြင့် ၎င်းတစ်ဦးတည်းသာ ဆန္ဒမဲပေးခွင့်ပြုပြီး ကျန်မဲဆန္ဒရှင်လက်မှတ်များကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၈,၀၉၅) ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~