ကျောက်မဲမြို့တွင်းရှိ နေအိမ်အချို့များသို့ တွင် စစ်တပ်နှင့်ရဲတို့က ဝင်ရောက်ပြီး ရှာဖွေမှုများ လုပ်ဆောင်နေ

ကျောက်မဲမြို့တွင်းရှိ နေအိမ်အချို့များသို့ တွင် စစ်တပ်နှင့်ရဲတို့က ဝင်ရောက်ပြီး ရှာဖွေမှုများ လုပ်ဆောင်နေ
သြဂုတ် 5, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ( ၅  ) ရက်နေ့ ည (၈) နာရီဝန်းကျင်မှစ၍ စစ်တပ်၊ ရဲနှင့် စရတ(စရဖ)တို့ပါဝင်သည့်အဖွဲ့များက မြို့တွင်းရှိ အချို့အိမ်များကို ဝင်၍ ရှာဖွေနေသည်ဟု သိရသည်။

မြို့တွင်း လူအဝင်အထွက်များသော ထမင်းဆိုင်၊ စားသောက်ဆိုင်များကဲ့သို့ နေရာများကို အဓိကထား၍ ဝင်ရောက်ရှာဖွေနေခြင်းဖြစ်ပြီး ပိုက်စိပ်တိုက်ရှာဖွေနေခြင်းဖြစ်သည်ဟု သိရသည်။

 ကျောက်မဲတွင် ည (၈) နာရီမှ နောက်တစ်နေ့နံနက် (၄) နာရီအထိ ညမထွက်ရသတ်မှတ်ထားပြီး ရှာဖွေမှုများလုပ်နေခြင်း ဖြစ်သည်။

ဩဂုတ်လ (၃) ရက်နေ့ကလည်း ယင်းကဲ့သို့လိုက်လံရှာဖွေမှုအတွင်း မူးယစ်ဆေးဝါး အနည်းငယ်နှင့် လူငယ် (၆) ဦးကို ဖမ်းဆီးသွားသည်ဟုလည်း သိရသည်။

#TachileikNewsAgency