ကျောက်မဲမြို့တွင်းသို့ ဝင်မည့် ကုန်တင်ကားများကို ကန့်သတ်ဆောင်ရွက်

ကျောက်မဲမြို့တွင်းသို့ ဝင်မည့် ကုန်တင်ကားများကို ကန့်သတ်ဆောင်ရွက်
အောက်တိုဘာ 3, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင်းသို့ ဝင်မည့် ကုန်တင်ကားများကို ကန့်သတ်ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ကို ဝင်ထွက်မယ့် ကုန်တင်ယာဉ်တွေကို ကန့်သတ်မှုအချို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့က စတင်ပြီး လုပ်ဆောင်နေပါတယ်။ 
အောက်တိုဘာလ (၁) ရက်နေ့ကနေ (၁၄) ရက်နေ့အတွင်းမှာတော့  ကျောက်မဲမြို့ကို ကုန်ပို့တာဖြစ်ဖြစ် ကျောက်မဲက ကုန်တင်တာဖြစ်ဖြစ် တခြားဒေသကလာတဲ့ ကုန်တင်ယာဉ်များကို ကျောက်မဲမြို့အဝင် သတ်မှတ်ထားတဲ့ နေရာမှာ ယာဉ်မောင်းတွေ လဲလှယ်စေပြီးမှ ကျောက်မဲမြို့တွင်း ဝင်နိုင်မှာဖြစ်ပါတယ်။
ရှမ်းပြည်နယ်တွင်းကို အခြားဒေသက လာတဲ့ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို COVID 19 စစ်ဆေးပြီးမှ ဝင်ခွင့်ပြုမယ့်အပြင် ပြည်နယ်တွင်းက ကုန်တင်ယာဉ်တွေ ပြည်နယ်ရဲ့ အပြင်ကို ထွက်ခွာခွင့်ကို ရှမ်းပြည်နယ်အစိုးရက အောက်တိုဘာလ (၁) ရက်နေ့ကနေ (၁၄)ရက်နေ့အထိ ကန့်သတ်ထားတာဖြစ်ပါတယ်။
 Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~