ကုန်စည်ပို့ဆောင်ရေးအတွက် ကျောက်မဲ - ရန်ကုန်ယာဉ်လိုင်းမှလွဲ၍ ကျန်ယာဉ်လိုင်းအားလုံး စက်တင်ဘာလ (၁၁)ရက်မှစ၍ ယာယီရပ်နား

ကုန်စည်ပို့ဆောင်ရေးအတွက် ကျောက်မဲ - ရန်ကုန်ယာဉ်လိုင်းမှလွဲ၍ ကျန်ယာဉ်လိုင်းအားလုံး စက်တင်ဘာလ (၁၁)ရက်မှစ၍ ယာယီရပ်နား
စက်တင်ဘာ 11, 2020
By Tachileik News Agency
ကုန်စည်ပို့ဆောင်ရေးအတွက် ကျောက်မဲ - ရန်ကုန်ယာဉ်လိုင်းမှလွဲ၍ ကျန်ယာဉ်လိုင်းအားလုံး စက်တင်ဘာလ (၁၁)ရက်မှစ၍ ယာယီရပ်နား
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်များပြေးဆွဲခွင့်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ ညမှစ၍ ယာယီရပ်နားလိုက်သဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ မန္တလေး- မုံရွာ ဘက်သို့ ပြေးဆွဲသည့်ယာဉ်များအားလုံး စက်တင်ဘာလ (၁၁) ရက်နေ့မှစ၍ စတင်ရပ်နားပြီဖြစ်သော်လည်း ကျောက်မဲ - ရန်ကုန်ကို ဆက်လက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
“မန္တလေးက ကားရပ်နားကွင်း (၅) ခုကို မနေ့ည (၁၂) နာရီကနေစပြီး ပိတ်လိုက်တဲ့အတွက် ကျောက်မဲက သွားကြတဲ့ ယာဉ်တွေလည်း ရပ်နားလိုက်တယ်။ ရန်ကုန်ကားတွေကတော့ ကုန်စည်စီးဆင်းမှု ခက်ခဲမှာစိုးလို့ နားဖို့မပြောထားဘူး။ ရန်ကုန်ကားတွေက ကုန်ပဲ အဓိကတင်နေကြတာပါ။ တကယ်လို့ ရန်ကုန်ကနေ ကုန်တင်လာရင်လည်း ကျောက်မဲမြို့ထဲကို ပေးမဝင်ဘဲ မြို့ပြင်မှာပဲ ကုန်ကိုကဲ့ယူဖို့ စီစဉ်နေပါတယ်” ဟု ကျောက်မဲမြို့နယ် ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးလှရွှေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့မှ အခြားမြို့များသို့ပြေးဆွဲနေသည့် ခရီးသည်တင်၊ ကုန်တင်ယာဉ်လိုင်း စုစုပေါင်း (၂၆) လိုင်းရှိပြီး လက်ရှိတွင် COVID 19 ထိန်းချုပ်ရေးအတွက် ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲမှု ရပ်နားထားကာ ကျောက်မဲ-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင် Express ယာဉ်လိုင်း (၃) ခုသာ ကုန်စည်ပို့ဆောင်ရေးအတွက် ပြေးဆွဲနေခြင်းဖြစ်သည်။
ပြေးဆွဲနေသည့် ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် သီးသန့်နေအိမ်တွင်သာ နေထိုင်စေခြင်းဖြစ်သည်။
ကျောက်မဲတွင် Covid ရောဂါ ကာကွယ်ရေးအတွက် စက်တင်ဘာ (၅) ရက်နေ့ကစတင်၍ အဝင်ခရီးသည်များ၏ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အချက်အလက်ရယူခြင်းကို မြို့အဝင်ဂိတ်တွင် ဆောင်ရွက်နေပြီး မြို့တွင်းအဝင်အတွက် ပင်လုံလမ်းတစ်ခုမှလွဲ၍ မြို့အဝင်လမ်းများကို ပိတ်ထားခြင်းဖြစ်သည်။
COVID 19 ပြည်တွင်းကူးစက်မှုအရေအတွက် မြင့်လာ၍ ပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေးကိစ္စနှင့် အရေးပေါ်ကိစ္စမှလွဲ၍ ပြည်တွင်းခရီးသွားလာခြင်းမပြုကြရန် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက စက်တင်ဘာလ (၁၁)ရက်နေ့၌ ပြည်သူသို့ ပန်ကြားထားပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များအားလုံးကိုလည်း စက်တင်ဘာလ (၁၁)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ ပိတ်ထားခြင်းဖြစ်သည်။
 Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~