ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ခဲ့သည့် သံတွဲမြို့က အမျိုးသား(၂)ဦးတွင် ပြည်တွင်းကူးစက်မှုအဖြစ် Covid-19 ပိုးတွေ့

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ခဲ့သည့် သံတွဲမြို့က အမျိုးသား(၂)ဦးတွင် ပြည်တွင်းကူးစက်မှုအဖြစ် Covid-19 ပိုးတွေ့
သြဂုတ် 23, 2020
By Tachileik News Agency
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ခဲ့သည့် သံတွဲမြို့က အမျိုးသား(၂)ဦးတွင် ပြည်တွင်းကူးစက်မှုအဖြစ် Covid-19 ပိုးတွေ့
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လွန်ခဲ့သည့် (၁၄)ရက်အတွင်းက သွားရောက်ခဲ့ပြီး သံတွဲမြို့တွင် အသွားအလာကန့်သတ်ထားသူများထဲက (၂)ဦးတွင် ပြည်တွင်းကူးစက်မှုအဖြစ် Coivid-19 တွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဩဂုတ်လ(၂၃)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် သတင်းထုတ်ပြန်ထားရှိသည်။
လွန်ခဲ့သည့် (၁၄)ရက်အတွင်း စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး သံတွဲမြို့သို့ ပြန်လာသည့် အသက်(၅၈)နှစ် နှင့် အသက်(၂၀)နှစ်ရှိ အမျိုးသား (၂)ဦးတွင် Covid-19 တွေ့ရှိရခြင်း ဖြစ်ကြောင်း နှင့် အိန္ဒိယနိုင်ငံမှ ပြန်လာပြီး ချင်းပြည်နယ် တီးတိန်မြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးတွင်လည်း Covid-19 ပိုးတွေ့ရခြင်း ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ(၂၃)ရက်နေ့ နံနက်(၈)နာရီအထိ ပြည်တွင်းကူးစက်မှု Covid-19 အတည်ပြုလူနာ စုစုပေါင်း ( ၅၃ )ဦးအထိရှိနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူ စုစုပေါင်း ( ၄၄၄ )ဦးအထိ ရှိနေပြီဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာတွင် COVID 19 ကူးစက်မှုအမြင့်ဆုံး အဆင့် (၁၅) တွင်ရှိနေပြီး သြဂုတ်လ (၂၂)ရက်နေ့အထိ စာရင်းအရ ကူးစက်ခံထားရသူ စုစုပေါင်း (၃)သိန်းနီးပါးအထိရှိနေခြင်းဖြစ်ကြောင်း Johns Hopkins University ၏ စာရင်းအရ သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~