ကျောက်မဲတွင် ကလေး (၃)ဦးအပါအဝင် မိသားစုဝင် (၄)ဦးကို လက်နက်ကိုင်ထားသည့်အဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွား

ကျောက်မဲတွင် ကလေး (၃)ဦးအပါအဝင် မိသားစုဝင် (၄)ဦးကို လက်နက်ကိုင်ထားသည့်အဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွား
သြဂုတ် 20, 2020
By Tachileik News Agency
ကျောက်မဲတွင် ကလေး (၃)ဦးအပါအဝင် မိသားစုဝင် (၄)ဦးကို လက်နက်ကိုင်ထားသည့်အဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွား
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်မှ ကလေး (၃)ဦးအပါအဝင် မိသားစုဝင် (၄) ဦးကို လက်နက်ကိုင်ဆောင်ထားသူ (၇)ဦးအဖွဲ့မှ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ နံနက်အစောပိုင်းက ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း  အဆိုပါနေအိမ်အနီးဝန်းကျင်တွင် နေထိုင်သူများထံမှ သိရသည်။
“အခုချိန်ထိတော့ အမှုဖွင့်တိုင်ကြားလာတာ မရှိသေးပါဘူး”ဟု ကျောက်မဲမြို့မရဲစခန်းမှ  တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၂၀)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်တွင် ပြောသည်။
ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ (၆) ရှိ ဦးဖိုးဦးနေအိမ်သို့ သြဂုတ်လ (၂၀)ရက်နေ့ နံနက်အစောပိုင်းက  4×4 အဖြူရောင် နှစ်ခန်းတွဲ ယာဉ်တစ်စီး၊ ဆိုင်ကယ် ( Scoopy ) အနီရောင် ယာဉ် (၂) စီးတို့ဖြင့် စုစုပေါင်း အမျိုးသား (၇) ဦး ပါဝင်သည့်အဖွဲ့ရောက်လာပြီး နေအိမ်ပိုင်ရှင် အသက် (၃၉)နှစ်အရွယ် ဦးဖိုးဦး၊ အသက် (၁၄)နှစ်အရွယ် အိုက်စိုင်း၊ အသက် (၁၂)နှစ်အရွယ် ပန်တိနှင့် အသက် (၉)နှစ်အရွယ် အောင်ချမ်းအေးတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဖိုးဦး၏ ဇနီးဖြစ်သူ ဒေါ်အေးနန်းမှာ မြေယာအရောင်းအဝယ်ကိစ္စတစ်ခုဖြင့် တိမ်းရှောင်နေသဖြင့် ၎င်းပြန်လာပြီး မြေယာအရောင်းအဝယ်ကိစ္စကို ရင်ဆိုင်ပါက ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးမည်ဟု လာဖမ်းသည့်အဖွဲ့က အိမ်နီးချင်းများကို ပြောကြားခဲ့သည်ဟု သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~