ကျောက်မဲမြို့၏ (၅)ဦးမြောက် Covid-19 အတည်ပြုလူနာ ဆေးရုံမှ ဆင်း၍ ကုသမှု ခံယူနေသူ (၁)ဦးသာကျန်

ကျောက်မဲမြို့၏ (၅)ဦးမြောက် Covid-19 အတည်ပြုလူနာ ဆေးရုံမှ ဆင်း၍ ကုသမှု ခံယူနေသူ (၁)ဦးသာကျန်
နိုဝင်ဘာ 2, 2020
By Tachileik News Agency

 

ကျောက်မဲမြို့၏ (၅)ဦးမြောက် Covid-19 အတည်ပြုလူနာ ဆေးရုံမှ ဆင်း၍ ကုသမှု ခံယူနေသူ (၁)ဦးသာကျန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသားအား ထပ်မံစစ်ဆေးရာ COVID 19 ပိုးမတွေ့ရတော့သဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့၌ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ရာ လက်ရှိတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ တစ်ဦးသာ ကျန်ရှိတော့ကြောင်း သည်။
ဆေးရုံမှ ဆင်းပြီဖြစ်သော်လည်း နေအိမ်၌ (၇)ရက်ကြာ အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်ပြီး ၎င်းအား နိုဝင်ဘာလ (၂) ရက်နေ့၊ နံနက် (၁၀) နာရီဝန်းကျင်တွင် Five Star ( Covid Operation Team ) အဖွဲ့က နေအိမ်သို့ပြန်ပို့ပေးထားကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းသွားသူမှာ မူဆယ်၌ ပိုးတွေ့ခဲ့သူလူနာနှင့် ထိတွေ့ခဲ့၍ ကျောက်မဲတွင် Quarantine ဝင်၍ ဓာတ်ခွဲစစ်ဆေးရာမှ COVID 19 ပိုးတွေ့ခဲ့ရခြင်းဖြစ်သည်။
ကျောက်မဲမြို့တွင် နိုဝင်ဘာလ (၁)ရက်နေ့ ဓာတ်ခွဲအဖြေရပြီးသည်အထိ အတည်ပြုလူနာ (၆)ဦးကို တွေ့ရှိထားပြီး လက်ရှိတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၁)ဦးသာ ကျန်တော့ကာ ကျန်လူနာများမှာ ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - တောင်ပေါ်သားလေး

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~