ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် လူငယ်(၇)ဦး နှင့်အတူ စိတ်ကြွဆေးပြားများ ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် လူငယ်(၇)ဦး နှင့်အတူ စိတ်ကြွဆေးပြားများ ဖမ်းမိ
သြဂုတ် 24, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် လူငယ်(၇)ဦး နှင့်အတူ စိတ်ကြွဆေးပြားများ ဖမ်းမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ပူးပေါင်းအဖွဲ့မှ လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ် လူငယ်တစ်စုအား စစ်ဆေးရာက မူးယစ်ဆေးဝါး ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ နှင့် စရတ(ရမခ)စု(၃) ကျောက်မဲမှ အထူးတပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်သည့် အဖွဲ့သည် ၂၀၂၀ခုနှစ် ဩဂုတ်လ ( ၂၃ )ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်အချိန်က လှည့်ကင်း ဆောင်ရွက်နေစဥ် ကျောက်မဲမြို့၊ အမှတ်(၈) ရပ်ကွက်၊ နယ်မြေ(၁၃)၊ ရွှေစေတီလမ်းရှိ ဝေဠုဝန်ဘုန်းကြီးကျောင်း နံဘေးတွင် ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီးနှင့်  လူငယ် (၃ )ဦးဖြစ်သည့် စိုင်းမိုးလင်း၊ ညီဇော် (ခ) ညီညီဇော် နှင့်  သန်းထွန်း တို့အား မသင်္ကာ၍ စစ်ဆေးရာမှ စိုင်းမိုးလင်း ဝတ်ဆင်ထားသော ဘောင်းဘီ အတွင်း WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၁၂၅)ပြားကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသည့် လူငယ်(၃)ဦးအား ဆက်လက်စစ်ဆေးဖော်ထုတ်ရမှာ တဆင့်  ညီဇော်(ခ)ညီညီ နေအိမ်အား သွားရောက် ရှာဖွေစစ်ဆေးရာ နောက်ထပ် လူငယ်(၄)ဦးဖြစ်သည့် သူရထွန်း၊ မျိုးမြတ်မြတ်ထွန်း၊ လှိုင်မျိုးသူ နှင့် နိုင်ထွန်းအောင်တို့ကို တွေ့ရှိရပြီး ၎င်းတို့ (၄)ဦး ထိုင်နေသည့် အလယ်၌ ပလပ်စတစ်အိတ်အတွင် wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ( ၄၄ )ပြားကို တွေ့ရှိသဖြင့် အဆိုပါ လူငယ်(၄)ဦးအား ထပ်မံ ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 
 
ဆက်လက်၍ မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့် ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ စိုင်းမိုးလင်း၊ ညီဇော်(ခ)ညီညီဇော်နှင့် သန်းထွန်းတို့အား မယ(ပ) ၄၁ / ၂၀၂၀၊ မူး/ စိတ်ပုဒ်မ ၁၉(က)/ ၂၁ အရ လည်းကောင်း၊ ထပ်မံ ဖမ်းဆီးရမိသည့် နေအိမ်မှ နေအိမ်ပိုင်ရှင် ညီဇော်(ခ)ညီညီဇော်နှင့် နေအိမ်အတွင်းမူးယစ်ဆေးဝါးသုံစွဲရန် ရောက်ရှိနေသူ သူရထွန်း၊ မျိုးမြတ်မြတ်ထွန်း၊ လှိုင်မျိုးသူ၊ နိုင်ထွန်းအောင် တို့ကို မယ(ပ)၄၂/ ၂၀၂၀၊ မူးစိတ်ပုဒ်မ ၁၉(က)/ ၂၁ ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အသီသီးအမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~