မောက်မယ်မြို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မောက်မယ်မြို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ဇူလိုင် 19, 2020
By Tachileik News Agency
မောက်မယ်မြို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

(၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့တွင် အာရုံဆွမ်း နှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အပါအဝင် လွမ်းသူ့ပန်းခွေချအခမ်းအနားများကို ဇူလိုင်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပင့်ဖိတ်သံဃာ (၅)ပါးအား အာရုံဆွမ်း နှင့် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း အစီအစဉ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင်း ကျင်းပပြုလုပ်ခဲ့ပြီး လွမ်းသူ့ပန်းခွေချ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော covid-19 ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့ကြခြင်းဖြစ်ပြီး အခမ်းအနားသို့ မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်ဆောင်များ ကျဆုံးသည့် နံနက်(၁၀)နာရီ (၃၇)မိနစ်အချိန်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မောက်မယ်မြို့ပေါ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမ နှင့် တပင်ရွှေထီးလမ်းတွင် သွားလာနေသော ပြည်သူများအား ခေတ္တရပ်နားစေပြီး ဟွန်းတီးစေခြင်းဖြင့် (၂)မိနစ်ခန့် ငြိမ်သက် ကာ ဂါရဝပြုခဲ့ကြကြောင်း သိရသည်။

လတ်တလော ဖြစ်ပွားနေသည့် covid-19 ကြောင့် မြန်မာနိုင်ငံတွင်းရှိ အချို့မြို့နယ်များတွင် ကျင်းပနိုင်ခြင်း မရှိဘဲ မိမိအစီအစဉ်ဖြင့်သာ ကျင်းပနေကြသည့်ကိုလည်း တွေ့ရသည်။

Tachileik News Agency
ဓါတ်ပုံ - မောက်မယ် ထွေ/အုပ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~