ဖေဖော်ဝါရီလ(၂)ရက်နေ့ ညပိုင်းအထိ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း (၁၄,၆၂၈)ဦးလာ

ဖေဖော်ဝါရီလ(၂)ရက်နေ့ ညပိုင်းအထိ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း (၁၄,၆၂၈)ဦးလာ
ဖေဖော်ဝါရီ 2, 2020
By Tachileik News Agency
ဖေဖော်ဝါရီလ(၂)ရက်နေ့ ညပိုင်းအထိ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း (၁၄,၆၂၈)ဦးလာ

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ခုနှစ်  ဖေဖော်ဝါရီလ (၂)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၆)နာရီအထိ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၂၅)နိုင်ငံတို့တွင် ကူးစက်ခံရသူ စုစုပေါင်း (၁၃,၉၈၃)ဦးရှိနေရာမှ ဖေဖော်ဝါရီလ(၂)ရက်နေ့ ညပိုင်း (၁၁)နာရီခွဲအချိန်အထိတွင် ကူစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း (၁၄,၆၂၈)ဦး ရှိလာပြီး သေဆုံးသူမှာလည်း (၃၀၅)ဦးအထိ ရှိလာကြောင်း သိရသည်။

သေဆုံးသူ (၃၀၅)ဦးသည် တရုတ်နိုင်ငံ ပြည်မထဲက ဖြစ်ပြီး ကူးစက်ခံရပြီး အတည်ပြုလူနာအဖြစ် ပထမအများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်နေပြီး ဂျပန်နိုင်ငံတွင် ကူးစက်ခံရသူ (၂၀)ဦးရှိ၍ ဒုတိယအဆင့်ဖြစ်ကာ ထိုင်းနိုင်ငံမှာ ကူးစက်အတည်ပြု လူနာ (၁၉)ဦးရှိ၍ တတိယအများဆုံးအဖြစ် ရှိနေသည်။

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ ကူးစက်ခံရမှု အခြေအနေမှာ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ဝန်းကျင်က စ၍  မြှင့်တက်လာ၍  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကြေညာထားရှိသည်။

Tachileik News Agency
Ref;  WHO, CDC, ECDC, NHC  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~