ထိုင်းနိုင်ငံတွင် ဆည်ရေမြင့်တက်မှုနှင့်အတူ ရေပေါ်ရထားခရီးစဥ် နာမည်ကြီးနေပြီး လက်မှတ်များ အမြန်ရောင်းကုန်

ထိုင်းနိုင်ငံတွင် ဆည်ရေမြင့်တက်မှုနှင့်အတူ ရေပေါ်ရထားခရီးစဥ် နာမည်ကြီးနေပြီး လက်မှတ်များ အမြန်ရောင်းကုန်
နိုဝင်ဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် အထူး ရေပေါ် ရထားခရီးစဥ်အတွက် လက်မှတ်များ အမြန်ရောင်းကုန်သွားခဲ့သည်ဟု ဆိုသည်။ 

မုတ်သုန်ကာလအလွန် ရေများ ထူးခြားစွာ မြင့်တက်နေသည့် ရေလှောင်ဆည်ကြီးတစ်ခုပေါ်ကို ဖြတ်သန်းခုတ်မောင်းမည့် ထိုရထားပေါ်တွင် လိုက်ပါမည့်ခရီးသည်မှာ ရေပြင်နှင့် ပိုမိုနီးကပ်စွာ ခုတ်မောင်းနေသော ရထားတစ်စင်းပေါ်တွင် လိုက်ပါရသည့် ခံစားမှုကို ခံစားနိုင်မည်ဖြစ်သည်။

ရေပေါ်ရထားခရီးစဥ် လမ်းကြောင်းမှာ ဘန်ကောက်မြို့တော်မှ စတင်ထွက်ခွာကာ လဝပုရီ ပြည်နယ်ရှိ Pasak Jolasid ရေလှောင်ဆည်ကြီးကို ဖြတ်သန်းသွားမည်ဖြစ်ပြီး ရေပြင်နှင့် နီးကပ်စွာ ရထားခုတ်မောင်းသွားသည်ကို တွေ့ကြုံရမည်ဟု ဆိုသည်။ 

ယခုနှစ်တွင် ရေလှောင်ဆည်ကြီးအတွင်း ထူးထူးခြားခြား ရေမျက်နှာပြင် ပိုမိုမြင့်တက်နေကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။

အထူးရေပေါ်ရထားဟု အမည်ပေးထားကြသည့် ထိုရထားခရီးစဥ်ကို နိုဝင်ဘာလနှင့် ဖေဖေါ်ဝါရီလအတွင်း သီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေရက်များတွင်သာ ပြေးဆွဲခြင်းဖြစ်ပြီး လာမည့် နှစ်သစ်ကူးအထိ လက်မှတ်များ ရောင်းကုန်သွားပြီဟု သိရသည်။

 "ဒီလိုမျိုး အရင်က တစ်ခါမှ မကြံဖူးဘူး" ဟု နိုဝင်ဘာလ (၆) ရက်နေ့က အထူးရေပေါ်ရထားစီးခဲ့သည့် ခရီးသည် (၆၀၀) တွင် ပါဝင်ခဲ့သူ Bunyanuch Pahuyut က ပြောသည်။

Source: Reuters

Photo: REUTERS/Jiraporn Kwang Kuhakan, Thai Train Guide