ရှမ်းပြည်နယ်အတွင်း သစ်ခိုးထုတ်မှု ကာကွယ်ရေးအတွက် တရားမဝင် လက်ကိုင်စက်လွှ ကိုင်ဆောင် ရောင်းဝယ်သူများ ပညာပေးကာလအတွင်း လာရောက် အပ်နှံရန် လိုအပ်

ရှမ်းပြည်နယ်အတွင်း သစ်ခိုးထုတ်မှု ကာကွယ်ရေးအတွက် တရားမဝင် လက်ကိုင်စက်လွှ ကိုင်ဆောင် ရောင်းဝယ်သူများ ပညာပေးကာလအတွင်း လာရောက် အပ်နှံရန် လိုအပ်
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း သစ်ခိုးထုတ်မှုကာကွယ်ရေးအတွက် တရားမဝင် လက်ကိုင်စက်လွှ ကိုင်ဆောင် ရောင်းဝယ်သူများ ပညာပေးကာလအတွင်း လာရောက် အပ်နှံရန် လိုအပ်

ရှမ်းပြည်နယ်အတွင်း လက်ကိုင်စက်လွှ(Chain Saw)များ တင်သွင်းအသုံးပြုမှုဆိုင်ရာဒေသန္တရအမိန့်အရ တရားမဝင်လက်ကိုင်စက်များနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ရာ ပညာပေးကာလအတွင်း တရားမဝင် လက်ကိုင်စက်လွှများအား သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနရုံး နှင့် ဘိနယ်စခန်းများသို့ လာရောက် အပ်နှံရန် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနက အသိပေးထားရှိသည်။

လက်ကိုင်စက်လွှများနှင့် ပတ်သက်၍ အသိပညာပေးကာလအဖြစ် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့က စတင်ကာ ဆောင်ရွက်နေပြီး ဧပြီလ(၃)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားရန် သတ်မှတ်ထားကြောင်းနှင့် ပညာပေးကာလအတွင်း၌ တရားမဝင် လက်ကိုင်စက်လွှများအား လာရောက်အပ်နှံရန်လိုအပ်မည်ဖြစ်သည်။

ပညာပေးကာလကျော်လွန်သွားပါက လက်ကိုင်စက်လွှ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း၊ ကိုင်ဆောင်အသုံးပြုခြင်း နှင့် တရားမဝင်ရောင်းဝယ်ခြင်းများ တွေ့ရှိရပါက သစ်တော ဥပဒေပုဒ်မ(၄၂)၊ ပုဒ်မခွဲ(ခ)အရ (၇)နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငွေ (၅)သိန်းမှ (၁၀)သိန်းအထိ ငွေဒဏ်ဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

လက်ကိုင်စက်လွှ အသုံးပြုရန် လိုအပ်သော ဌာန နှင့် အဖွဲ့အစည်းများ အပါအဝင် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ်တသစ်တောဦးစီးဌာနတွင် အသုံးပြုခွင့် လေလဈာက်ထားရမှာ ဖြစ်ပြီး ကုမ္ပဏီအရောင်းဆိုင်များ အနေဖြင့်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ တရားဝင်တင်သွင်းခွင့်ဖြင့်သာ တင်သွင်း ရောင်းချကြရန်လည်း ရှမ်းပြည်နယ်သစ်တောဦးစီးဌာနက အသိပေးထားရှိသည်။

ရှမ်းပြည်နယ်အတွင်း လက်ကိုင်စက်လွှများ တွင်ကျယ်စွာ အသုံးပြုပြီး တရားမဝင်သစ်ခိုးယူမှုဖြစ်စဉ်များ ပေါ်ပေါ်မှုများရှိသည့်အတွက် ဆက်လက်၍ တရားမဝင်သစ်ခိုးယူမှု လျော့ပါး ပပျောက်ရေးအတွက်လည်း ယခုလို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~