ရှမ်းပြည်နယ်တွင်းသို့ အခြား တိုင်းနှင့် ပြည်နယ်များမှ လေကြောင်းခရီးစဉ်ဖြင့် လာရောက်သူများ မိမိအစီအစဉ်ဖြင့် Hotel Quarantine နေရမည်

ရှမ်းပြည်နယ်တွင်းသို့ အခြား တိုင်းနှင့် ပြည်နယ်များမှ လေကြောင်းခရီးစဉ်ဖြင့် လာရောက်သူများ မိမိအစီအစဉ်ဖြင့် Hotel Quarantine နေရမည်
ဒီဇင်ဘာ 15, 2020
By Tachileik News Agency

 

ရှမ်းပြည်နယ်တွင်းသို့ အခြား တိုင်းနှင့် ပြည်နယ်များမှ လေကြောင်းခရီးစဉ်ဖြင့် လာရောက်သူများ မိမိအစီအစဉ်ဖြင့် Hotel Quarantine နေရမည်

ရှမ်းပြည်နယ်အတွင်းသို့ အခြားဒေသများမှနေ၍ ပြည်တွင်းလေကြောင်းလိုင်းဖြင့် လာရောက်သူအားလုံး သတ်မှတ်ထားသည့် hotel များ၌ hotel quarantine ကို မိမိတို့စရိတ်ဖြင့် ဝင်ရောက်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်လိုက်သည်။
ပြည်နယ်ပြင်ပမှနေ၍ လာရောက်သူအားလုံး quarantine ဝင်ရန် သတ်မှတ်ထားဆဲဖြစ်သည့် ရှမ်းပြည်နယ်တွင်းသို့ လေကြောင်းခရီးဖြင့် လာရောက်သူအားလုံး သတ်မှတ်ထားသည့် ဟိုတယ်များ၌ မိမိစရိတ်ဖြင့် hotel quarantine ဝင်ကြရမည်ဖြစ်ပြီး (၃)ရက်မြောက်နေ့တွင် PCR နည်းဖြင့် စစ်ဆေးခြင်း သို့မဟုတ် (၇) ရက်မြောက်နေ့တွင် RDT နည်းဖြင့် စစ်ဆေးခြင်းကို မိမိစရိတ်ဖြင့်ကျခံဆောင်ရွက်ရမည်ဖြစ်သည်။
ပြည်တွင်းလေကြောင်းလိုင်းများကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုထားရာတွင် COVID 19 ကာကွယ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စီမံခန့်ခွဲမှုအား လိုက်နာဆောင်ရွက်ရမည်ဟု အမျိုးသားအဆင့် ဗဟို COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ညွှန်ကြားချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် quarantine ဝင်ရမည့် သတ်မှတ်ချက်များအား ထုတ်ပြန်လာခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~