ထိုင်းနိုင်ငံ ကယ်ဆယ်ရေးဂေဟာများမှ လွှဲပြောင်းလာသည့် မြန်မာ (၅၃)ဦးကို လူမှုဝန်ထမ်းဦးစီးဌာနက နေရပ်ပြန်ပို့ပေးထား

ထိုင်းနိုင်ငံ ကယ်ဆယ်ရေးဂေဟာများမှ လွှဲပြောင်းလာသည့် မြန်မာ (၅၃)ဦးကို လူမှုဝန်ထမ်းဦးစီးဌာနက နေရပ်ပြန်ပို့ပေးထား
အောက်တိုဘာ 19, 2019
By 🌸
ထိုင်းနိုင်ငံ ကယ်ဆယ်ရေးဂေဟာများမှ လွှဲပြောင်းလာသည့် မြန်မာ (၅၃)ဦးကို လူမှုဝန်ထမ်းဦးစီးဌာနက နေရပ်ပြန်ပို့ပေးထား

ထိုင်းနိုင်ငံအတွင်း ကယ်ဆယ်ရေးဂေဟာများတွင် ထိန်းသိမ်းစောင့်ရှောက်ခံထားရသည့် မြန်မာနိုင်ငံသား (၅၃)ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ထိုင်းနိုင်ငံဘက်က ပြန်လည်လွှဲပြောင်းပေးလာ၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာ၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Mr. Ratchapon Maneelek ဦးဆောင်သောအဖွဲ့က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ နံနက် (၉)နာရီကျော်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ (၄)ရပ်ကွက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ မြန်မာနိုင်ငံသား အမျိုးသား (၄၃)ဦးနှင့် အမျိုးသမီး (၁၀)ဦးတို့ကို လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံ၊လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ကယ်ဆယ်ရေးဂေဟာများတွင် ထိန်းသိမ်းစောင့်ရှောက်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်ခိုင်ဆွေ၊ မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝါထွန်း ဦးစီးပူးပေါင်းဖွဲ့တို့က လက်ခံခဲခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - MOHA

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ထုိင္းႏုိင္ငံ ကယ္ဆယ္ေရးေဂဟာမ်ားမွ လႊဲေျပာင္းလာသည့္ ျမန္မာ (၅၃)ဦးကို လူမႈဝန္ထမ္းဦးစီးဌာနက ေနရပ္ျပန္ပို႔ေပးထား

ထုိင္းႏိုင္ငံအတြင္း ကယ္ဆယ္ေရးေဂဟာမ်ားတြင္ ထိန္းသိမ္းေစာင့္ေရွာက္ခံထားရသည့္ ျမန္မာနုိင္ငံသား (၅၃)ဦးကို ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕သို႔ ထုိင္းႏုိင္ငံဘက္က ျပန္လည္လႊဲေျပာင္းေပးလာ၍ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈)ရက္ေန႔တြင္ လူမႈဝန္ထမ္းဦးစီးဌာ၏ အစီအစဥ္ျဖင့္ ေနရပ္အသီးသီးသုိ႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ၊ လူမႈဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူထုလုံၿခဳံေရးဝန္ႀကီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး Mr. Ratchapon Maneelek ဦးေဆာင္ေသာအဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၇) ရက္ေန႔ နံနက္ (၉)နာရီေက်ာ္တြင္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊ (၄)ရပ္ကြက္ရွိ ျပန္လည္ထူေထာင္ေရးဦးစီးဌာန၊ ယာယီလက္ခံေစာင့္ေရွာက္ေရးေဂဟာသို႔ ျမန္မာႏုိင္ငံသား အမ်ိဳးသား (၄၃)ဦးႏွင့္ အမ်ိဳးသမီး (၁၀)ဦးတုိ႔ကို လာေရာက္အပ္ႏွံခဲ့ျခင္းျဖစ္သည္။

အဆိုပါ ျမန္မာႏုိင္ငံသားမ်ားမွာ ထိုင္းႏိုင္ငံ၊လူမႈဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ လူထုလုံၿခဳံေရးဝန္ႀကီးဌာန လက္ေအာက္ရွိ ကယ္ဆယ္ေရးေဂဟာမ်ားတြင္ ထိန္းသိမ္းေစာင့္ေရွာက္ခံထားရျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းနို္င္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားမ်ားကို ျမဝတီခ႐ိုင္လူဝင္မႈႀကီးၾကပ္ေရးမႉး ဦးေအာင္ခိုင္ေဆြ၊ ျမဝတီခ႐ိုင္လူမႈဝန္ထမ္းဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေနဝါထြန္း ဦးစီးပူးေပါင္းဖြဲ႕တို႔က လက္ခံခဲျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - MOHA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net