ကယားျပည္နယ္တြင္း မူးယစ္ေဆး၀ါးပေပ်ာက္ေရးအတြက္ လိြဳင္လင္ေလးၿမိဳ႕အား စံျပေဆာင္ရြက္မည္

ကယားျပည္နယ္တြင္း မူးယစ္ေဆး၀ါးပေပ်ာက္ေရးအတြက္ လိြဳင္လင္ေလးၿမိဳ႕အား စံျပေဆာင္ရြက္မည္
မေ 2, 2018
By Tachileik News Agency

ကယားျပည္နယ္အတြင္း မူးယစ္ေဆး၀ါးသုံးစြဲ ေရာင္းဝယ္မႈမ်ား ကင္းစင္ႏိုင္ေရး အတြက္ လိြဳင္လင္ေလးၿမိဳ႕အား စံျပအျဖစ္ ဦးစြာ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ကယားျပည္နယ္ လုံၿခံဳေရးႏွင့္နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မွဴးႀကီးျမင့္ေဝက ေျပာၾကားလိုက္သည္။

"ရြာတြင္း အလိုက္ေသာ္လည္းေကာင္း ၊ ရပ္ကြက္ခ်င္း အလိုက္ေသာ္လည္းေကာင္း လုံးဝ မူးယစ္ေဆးဝါးေရာင္း ဝယ္ျခင္း ကင္းစင္သြားေစလိုတဲ့ ဆႏၵ႐ွိပါတယ္။ ဒီျပည္နယ္မွာ ကြၽန္ေတာ္ ရည္မွန္းထားတာက လိြဳင္လင္ေလးၿမိဳ႕ကို စလုပ္မယ္။ လိြဳင္လင္ေလးၿပီးသြားရင္ လိြဳင္လင္ေလးက စံျပျဖစ္သြားလိမ့္မယ္။ စံျပျဖစ္သြားရင္ ရပ္ကြက္ မွာ႐ွိတဲ့ ျပည္သူေတြလည္း စိတ္ခ်မ္းသာရမယ္။ အုပ္ခ်ဳပ္ေရးမွဴးေတြ စိတ္ခ်မ္းသာရမယ္ ။ ေနာက္ ရပ္ကြက္မွာ႐ွိေနတဲ့ ကိုးကြယ္ရာ Church  ေက်ာင္း ကိုယ္ေတာ္ေတြ၊ ဘုန္းႀကီးေက်ာင္းက ဆရာေတာ္ေတြ စိတ္ခ်မ္းသာမႈ ရလာမယ္။ ၿပီးရင္ ရပ္ကြက္ထဲမွာ မူးယစ္ေဆးဝါး ဆိုးက်ိဳးေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ျပႆနာေတြ ေပ်ာက္ကြယ္သြားလိမ့့္မယ္။ တစ္ျပည္နယ္လုံး မူးယစ္ေဆးဝါး ကင္းစင္ေအာင္ ေဆာင္ရြက္ခ်င္ပါတယ္" ဟု ဧၿပီလ ၃၀ ရက္ေန႔က ျပည္နယ္ခန္းမတြင္ ျပဳလုပ္ခဲ့ေသာ ကယားျပည္နယ္အစိုးရႏွင့္ ရပ္ကြက္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ား ေတြ႕ဆုံပြဲတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ကယားျပည္နယ္အတြင္း အဓိက ေျဖ႐ွင္းရမည့္ ကိစၥမ်ားတြင္ မူးယစ္ေဆးဝါး ေရာင္းဝယ္သုံးစြဲမႈ မ်ားျပားေနျခင္း ျဖစ္ရာ လူထုအေျချပဳ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ရန္ မူဝါဒမ်ား ခ်မွတ္ေပးရန္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားက ေတာင္းဆိုခဲ့ၾကျခင္းျဖစ္သည္။

"ကြၽန္ေတာ္တို႔ ရြာမွာဆို ေဆးျပားေတြကို ေပါက္ေပါက္ဆုပ္ ေရာင္းသလို ေရာင္းေနတာ။ အဲဒီေလာက္ထိ ပ်ံ႕ႏွံ႕ေနတယ္။ ေရာင္းတဲ့သူကိုလည္း သိတယ္။ သိေတာ့ ဘယ္လိုလုပ္ထားလည္းေတာ့ မသိဘူး။ လူေတြက တိုင္ပါမ်ားေတာ့ တာဝန္႐ွိသူေတြ ဝင္ဖမ္းလိုက္တယ္။ ဗူးေသးေသးေလးနဲ႔ ေဆးေတြ သိမ္းမိတယ္။ ဖမ္းၿပီးတရားစီရင္ေရး ေနရာေရာက္ေတာ့ အဲဒီေဆးေတြဟာ ဘာမီတြန္ေတြပါဆိုၿပီး ျပန္လႊတ္လာတဲ့ ျဖစ္စဥ္ ျဖစ္ခဲ့ဖူးပါတယ္။ ဒီလူက ရာမဆိုတဲ့ ဒီေဆးျပားေရာင္းစားေနတာ လူတိုင္း သိတယ္။ ဒါေပမဲ့ ဒီလိုျဖစ္ေတာ့ ကြၽန္ေတာ္တို႔ ဘယ္လို ထိန္းခ်ဳပ္ရေတာ့မလဲေပါ့"ဟု ေလာပိတေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ကယားျပည္နယ္ အစိုးရႏွင့္ အသစ္ျပန္လည္ေရြးခ်ယ္ထားေသာ ျပည္နယ္တြင္း႐ွိ ရပ္ကြက္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ား ေတြ႔ဆုံပြဲအား ဧၿပီလ (၃၀) ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕ရိွ ျပည္နယ္ခန္းမတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

သတင္း - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှုများ ကင်းစင်နိုင်ရေး အတွက် လွိုင်လင်လေးမြို့အား စံပြအဖြစ် ဦးစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောကြားလိုက်သည်။

"ရွာတွင်း အလိုက်သော်လည်းကောင်း၊ ရပ်ကွက်ချင်း အလိုက်သော်လည်းကောင်း လုံးဝ မူးယစ်ဆေးဝါးရောင်း ဝယ်ခြင်း ကင်းစင်သွားစေလိုတဲ့ ဆန္ဒရှိပါတယ်။ ဒီပြည်နယ်မှာ ကျွန်တော် ရည်မှန်းထားတာက လွိုင်လင်လေးမြို့ကို စလုပ်မယ်။ လွိုင်လင်လေးပြီးသွားရင် လွိုင်လင်လေးက စံပြဖြစ်သွားလိမ့်မယ်။ စံပြဖြစ်သွားရင် ရပ်ကွက် မှာရှိတဲ့ ပြည်သူတွေလည်း စိတ်ချမ်းသာရမယ်။ အုပ်ချုပ်ရေးမှူးတွေ စိတ်ချမ်းသာရမယ်။ နောက် ရပ်ကွက်မှာရှိနေတဲ့ ကိုးကွယ်ရာ Church ကျောင်း ကိုယ်တော်တွေ၊ ဘုန်းကြီးကျောင်းက ဆရာတော်တွေ စိတ်ချမ်းသာမှု ရလာမယ်။ ပြီးရင် ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ဆိုးကျိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ပျောက်ကွယ်သွားလိမ့်မယ်။ တစ်ပြည်နယ်လုံး မူးယစ်ဆေးဝါး ကင်းစင်အောင် ဆောင်ရွက်ချင်ပါတယ်" ဟု ဧပြီလ ၃၀ ရက်နေ့က ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သော ကယားပြည်နယ်အစိုးရနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်အတွင်း အဓိက ဖြေရှင်းရမည့် ကိစ္စများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားနခြေင်း ဖြစ်ရာ လူထုအခြပြေု ဖော်ထုတ်ဖမ်းဆီးနိုင်ရန် မူဝါဒများ ချမှတ်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

"ကျွန်တော်တို့ ရွာမှာဆို ဆေးပြားတွေကို ပေါက်ပေါက်ဆုပ် ရောင်းသလို ရောင်းနေတာ။ အဲဒီလောက်ထိ ပျံ့နှံ့နေတယ်။ ရောင်းတဲ့သူကိုလည်း သိတယ်။ သိတော့ ဘယ်လိုလုပ်ထားလည်းတော့ မသိဘူး။ လူတွေက တိုင်ပါများတော့ တာဝန်ရှိသူတွေ ဝင်ဖမ်းလိုက်တယ်။ ဗူးသေးသေးလေးနဲ့ ဆေးတွေ သိမ်းမိတယ်။ ဖမ်းပြီးတရားစီရင်ရေး နေရာရောက်တော့ အဲဒီဆေးတွေဟာ ဘာမီတွန်တွေပါဆိုပြီး ပြန်လွှတ်လာတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။ ဒီလူက ရာမဆိုတဲ့ ဒီဆေးပြားရောင်းစားနေတာ လူတိုင်း သိတယ်။ ဒါပေမဲ့ ဒီလိုဖြစ်တော့ ကျွန်တော်တို့ ဘယ်လို ထိန်းချုပ်ရတော့မလဲပေါ့"ဟု လောပိတကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

ကယားပြည်နယ် အစိုးရနှင့် အသစ်ပြန်လည်ရွေးချယ်ထားသော ပြည်နယ်တွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအား ဧပြီလ (၃၀) ရက်နေ့တွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~