တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ေခါင္ေက်းရြာအနီးတြင္ အသက္(၇၃)ႏွစ္အရြယ္ အမ်ဳိးသားအား လက္နက္ခဲယမ္း အပါအ၀င္ စိတ္ၾကြေဆးျဖင့္ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ေခါင္ေက်းရြာအနီးတြင္ အသက္(၇၃)ႏွစ္အရြယ္ အမ်ဳိးသားအား လက္နက္ခဲယမ္း အပါအ၀င္ စိတ္ၾကြေဆးျဖင့္ ဖမ္းမိ
စက်တင်ဘာ 17, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း၌ အသက္(၇၃)ႏွစ္အရြယ္ အမ်ဳိးသားအား လက္နက္ခဲယမ္းႏွင့္အတူ မူးယစ္ေဆး၀ါးျဖင့္ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း မယ္ေခါင္ေက်းရြာအနီး ေတာင္ယာအတြင္းရွိ ေနအိမ္အား တပ္မေတာ္ႏွင့္  ရဲတပ္ဖြဲ႔မွ ပူးေပါင္းအဖြဲ႔ျဖင့္  ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၆)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္အခ်ိန္က စစ္ေဆးမႈမ်ားျပဳလုပ္ရာက လက္နက္ႏွင့္မူးယစ္ေဆး၀ါးအား ရွာေဖြေတြ႔ရွိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ေနအိမ္အတြင္း ၀င္ေရာက္ရွာေဖြရာ ေနအိမ္ၿခံစည္းရိုးေရွ႕တြင္ စုပံုထားသည့္ အုတ္တိုင္မ်ား၏ ေအာက္မွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၃၆၀၀)အား လည္းေကာင္း၊ အီတလီႏိုင္ငံထုတ္ ေသနတ္အရွည္ တစ္လက္ ႏွင့္ ၎က်ည္အိမ္ (၁)ခု၊ ၎က်ည္ အေတာင့္(၉၀)တို႔ကို ေတြ႔ရွိသိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ အမႈႏွင့္ ပတ္သက္၍ အသက္(၇၃)ႏွစ္ရွိ ဦးအားဖာ ဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၁၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၂(ခ)/၂၁ အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း၌ အသက်(၇၃)နှစ်အရွယ် အမျိုးသားအား လက်နက်ခဲယမ်းနှင့်အတူ မူးယစ်ဆေးဝါးဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မယ်ခေါင်ကျေးရွာအနီး တောင်ယာအတွင်းရှိ နေအိမ်အား တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က စစ်ဆေးမှုများပြုလုပ်ရာက လက်နက်နှင့်မူးယစ်ဆေးဝါးအား ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံစည်းရိုးရှေ့တွင် စုပုံထားသည့် အုတ်တိုင်များ၏ အောက်မှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၃၆၀၀)အား လည်းကောင်း၊ အီတလီနိုင်ငံထုတ် သေနတ်အရှည် တစ်လက် နှင့်၎င်းကျည်အိမ် (၁)ခု၊၎င်းကျည် အတောင့်(၉၀)တို့ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ အသက်(၇၃)နှစ်ရှိ ဦးအားဖာ ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၁၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net