က်ဳိင္းတံု ႏွင့္ မိုင္းျဖတ္အၾကားတြင္ ခရီးသည္တင္ယာဥ္တစ္စီး ထိုးက်

က်ဳိင္းတံု ႏွင့္ မိုင္းျဖတ္အၾကားတြင္ ခရီးသည္တင္ယာဥ္တစ္စီး ထိုးက်
ဧပြီ 23, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံု - တာခ်ီလိတ္သြားလမ္းေပၚ က်ဳိင္းတံုႏွင့္မိုင္းျဖတ္အၾကား အေကြ႕တြင္ ခရီးသည္တင္ယာဥ္တစ္စီးထိုးက်သြားမႈ ၂၀၁၉ခုႏွစ္ ဧၿပီလ(၂၃)ရက္ေန႔ ေန႔လည္ပိုင္းက ျဖစ္ပြားေၾကာင္း သိရသည္။

"ကားေမွာက္တာဟုတ္တယ္ဗ်။ လူ (၈) ဦးပါ ပါတယ္။ ယာဥ္ေမာင္းနဲ႔ဆို (၉) ဦးေပါ့။ ေဆးရံုတင္ထားတာ (၆) ဦး။ ျပင္ပဒဏ္ရာက (၂) ဦး၊ က်ိဳင္းတံုေဆးရံုမွာ တင္ထားပါတယ္"ဟု အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္မွ လြိဳင္လင္ခရီးစဥ္သို႔ ေျပးဆြဲသည့္ ယာဥ္လိုင္းမွာ ေငြေတာင္တန္းယာဥ္လိုင္းဟု သိရၿပီး ယာဥ္ေပၚတြင္ ပါ၀င္သူမ်ားအနက္ (၆)ဦးမွာ ထိခိုက္ဒဏ္ရာရရွိေသာ္လည္း မစိုးရိမ္ရေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Ko Shan Gyi



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ - တာချီလိတ်သွားလမ်းပေါ် ကျိုင်းတုံနှင့်မိုင်းဖြတ်အကြား အကွေ့တွင် ခရီးသည်တင်ယာဉ်တစ်စီးထိုးကျသွားမှု ၂၀၁၉ခုနှစ် ဧပြီလ(၂၃)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားကြောင်း သိရသည်။

"ကားမှောက်တာဟုတ်တယ်ဗျ။ လူ (၈) ဦးပါ ပါတယ်။ ယာဉ်မောင်းနဲ့ဆို (၉) ဦးပေါ့။ ဆေးရုံတင်ထားတာ (၆) ဦး။ ပြင်ပဒဏ်ရာက (၂) ဦး၊ ကျိုင်းတုံဆေးရုံမှာ တင်ထားပါတယ်"ဟု အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ လွိုင်လင်ခရီးစဉ်သို့ ပြေးဆွဲသည့် ယာဉ်လိုင်းမှာ ငွေတောင်တန်းယာဉ်လိုင်းဟု သိရပြီး ယာဉ်ပေါ်တွင် ပါဝင်သူများအနက် (၆)ဦးမှာ ထိခိုက်ဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Ko Shan Gyi

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net