ဒီးမော့ဆိုတွင် အာဏာသိမ်းစစ်တပ်က အထပ်မြင့်တိုက်တွင် နေရာယူပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေ

ဒီးမော့ဆိုတွင် အာဏာသိမ်းစစ်တပ်က အထပ်မြင့်တိုက်တွင် နေရာယူပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေ
အောက်တိုဘာ 25, 2021 | နိုင်ငံရေး| ကယား
By Tachileik News Agency

ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ရွှေယောက်ရပ်ကွက်ရှိ အပြာရောင် (၅) ထပ်တိုက်တွင် နေရာယူထားသည့် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့ နံနက်(၁)နာရီဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေ၍ မပေါက်ကွဲသေးသည့် လက်နက်ကြီးများကို သတိထားကြရန် ဒီးမော့ဆို PDF က သတိပေးထားသည်။

အာဏာသိမ်းစစ်တပ်က အဆိုပါနေရာမှနေ၍ နာရီဝက်ခန့်ကြာအောင် အကြောင်းမဲ့ပစ်ခတ်ခဲ့၍  ​ဒီ/​ကျေးအုပ်စု၊ မားနာပ​လောရပ်ကွက်ရှိ နေအိမ်(၁)လုံး ပျက်စီးသွားသည့်အပြင် မ​ပေါက်ကွဲ​သေး​သော လက်နက်ကြီးများ ကျန်ရှိ​သေး​ကြောင်း သတင်းထုတ်ပြန် အသိပေးထားခြင်းဖြစ်သည်။



အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုမြို့တွင်း လူနေရပ်ကွက်များကို မကြာခဏ လက်နက်ကြီးများ မကြာခဏပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးမှုအပြင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များလည်း ရှိနေကြောင်း သိရသည်။