အင္းေလးကန္ေရေဝေရလဲေဒသ ေတာင္ကတံုးမ်ားတြင္ ရဟတ္ယာဥ္ျဖင့္ သစ္ပင္မ်ိဳးေစ့မ်ား ႀကဲခ်ၿပီးပါက ကြင္းဆင္းစစ္ေဆးသံုးသပ္မည္

အင္းေလးကန္ေရေဝေရလဲေဒသ ေတာင္ကတံုးမ်ားတြင္ ရဟတ္ယာဥ္ျဖင့္ သစ္ပင္မ်ိဳးေစ့မ်ား ႀကဲခ်ၿပီးပါက ကြင္းဆင္းစစ္ေဆးသံုးသပ္မည္
စက်တင်ဘာ 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးခရိုင္၊ ေညာင္ေရႊၿမိဳ႕နယ္ရိွ အင္းေလးကန္ ေရေဝေရလဲေဒသတြင္းရွိ ေတာင္ကတံုးမ်ားတြင္ သစ္ေတာဦးစီးဌာနက ရဟတ္ယာဥ္ျဖင့္ သစ္ပင္မ်ိဳးေစ့မ်ားႀကဲခ်သည့္ Pilot Project ေဆာင္ရြက္ၿပီးပါက ကြင္းဆင္းအခ်က္အလက္ေကာက္ယူကာ ျပန္လည္သံုးသပ္္မည္ျဖစ္ေၾကာင္း သိရသည္။

သစ္ေတာျပန္လည္ထိန္းသိမ္းေရးအတြက္ ရဟတ္ယာဥ္ျဖင့္ သစ္ပင္မ်ိဳးေစ့မ်ားႀကဲခ်သည့္ Pilot Project ၏ ပထမအပိုင္းအျဖစ္ စစ္ကိုင္းတုိင္းေဒသႀကီးတြင္ ေဆာင္ရြက္ခဲ့ၿပီးေနာက္ အင္းေလးကန္ေရေဝေရလဲေဒသတြင္ ဒုတိယေျမာက္ေနရာအျဖစ္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၄) ရက္ေန႔တြင္ ေဆာင္ရြက္မည္ျဖစ္သည္။

ေဒသမ်ိဳးရင္းမ်ားအပါအဝင္ သစ္မ်ိဳးေပါင္း (၂၀) ၏ သစ္ေစ့တစ္ေစ့ဆီကို ရႊ႕ံေစးႏွင့္ေျမေဆြးေရာ၍ လံုးထားသည့္ သစ္ေစ့ေျမလံုးေပါင္း တစ္သိန္းခြဲနီးပါးကို ကြင္းဆင္းစစ္ေဆးထားၿပီးျဖစ္သည့္ အင္းေလးကန္ေရေဝေရလဲေဒသမွ ေတာင္ကတံုး (၃)ေနရာတြင္ ထူးကုမၸဏီမ်ားအုပ္စု၏ ရဟတ္ယာဥ္ျဖင့္ ႀကဲခ်မည္ျဖစ္သည္။
အင္းေလးေဒသတြင္ သစ္ေစ့မ်ားႀကဲခ်ရမည့္ ေတာင္ကတံုးေနရာမ်ား ေရြးခ်ယ္ေရးအတြက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္ႏွင့္ သက္ဆုိင္ရာ သစ္ေတာဦးစီးဌာနဝန္ထမ္းမ်ား ပူးေပါင္းကြင္းဆင္းခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Nyi Nyi Kyaw ၊ Dr. Nyi Nyi Aung


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ညောင်ရွှမြေို့နယ်ရှိ အင်းလေးကန် ရေဝေရေလဲဒေသတွင်းရှိ တောင်ကတုံးများတွင် သစ်တောဦးစီးဌာနက ရဟတ်ယာဉ်ဖြင့် သစ်ပင်မျိုးစေ့များကြဲချသည့် Pilot Project ဆောင်ရွက်ပြီးပါက ကွင်းဆင်းအချက်အလက်ကောက်ယူကာ ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရသည်။

သစ်တောပြန်လည်ထိန်းသိမ်းရေးအတွက် ရဟတ်ယာဉ်ဖြင့် သစ်ပင်မျိုးစေ့များကြဲချသည့် Pilot Project၏ ပထမအပိုင်းအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်ရွက်ခဲ့ပြီးနောက် အင်းလေးကန်ရေဝေရေလဲဒေသတွင် ဒုတိယမြောက်နေရာအဖြစ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်သည်။

ဒေသမျိုးရင်းများအပါအဝင် သစ်မျိုးပေါင်း (၂၀)၏ သစ်စေ့တစ်စေ့ဆီကို ရွှံ့စေးနှင့်မြေဆွေးရော၍ လုံးထားသည့် သစ်စေ့မြေလုံးပေါင်း တစ်သိန်းခွဲနီးပါးကို ကွင်းဆင်းစစ်ဆေးထားပြီးဖြစ်သည့် အင်းလေးကန်ရေဝေရေလဲဒေသမှ တောင်ကတုံး (၃)နေရာတွင် ထူးကုမ္ပဏီများအုပ်စု၏ ရဟတ်ယာဉ်ဖြင့် ကြဲချမည်ဖြစ်သည်။

အင်းလေးဒေသတွင် သစ်စေ့များကြဲချရမည့် တောင်ကတုံးနေရာများ ရွေးချယ်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် သက်ဆိုင်ရာ သစ်တောဦးစီးဌာနဝန်ထမ်းများ ပူးပေါင်းကွင်းဆင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Nyi Nyi Kyaw၊ Dr. Nyi Nyi Aung

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net