က်ပ္ေငြ (၇၆.၅)ဘီလီယံကုန္က်ခံ အဆင့္ျမႇင့္တင္ထားသည့္ အာရွလမ္းမႀကီးအမွတ္(၂)၏ အစိတ္အပိုင္း ကေလာ - ေတာင္ႀကီး (၄)လမ္းသြား ကတၱရာကြန္ကရစ္လမ္းပိုင္း ဖြင့္လွစ္

က်ပ္ေငြ (၇၆.၅)ဘီလီယံကုန္က်ခံ အဆင့္ျမႇင့္တင္ထားသည့္ အာရွလမ္းမႀကီးအမွတ္(၂)၏ အစိတ္အပိုင္း ကေလာ - ေတာင္ႀကီး (၄)လမ္းသြား ကတၱရာကြန္ကရစ္လမ္းပိုင္း ဖြင့္လွစ္
မေ 1, 2019
By Tachileik News Agency

အာရွလမ္းမႀကီးအမွတ္ (၂)ျဖစ္သည့္ မိတၳီလာ - ေတာင္ႀကီး - က်ိဳင္းတံု - တာခ်ီလိတ္လမ္း၏ အစိတ္အပိုင္းျဖစ္သည့္ ကေလာ - ေတာင္ႀကီးလမ္းပိုင္းကို (၄၈)ေပအက်ယ္ (၄)လမ္းသြား ကတၱရာကြန္ကရစ္ AC လမ္းဖြင့္ပြဲ အျဖစ္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁)ရက္ေန႔က နံနက္က ေအာင္ပန္းႏွင့္ကေလာၿမိဳ႕ၾကားရွိ ကေလာတိုးဂိတ္တြင္ က်င္းပသည္။

အဆိုပါ လမ္းပိုင္းကို B.O.T ရရိွထားသည့္ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီလီမိတက္က အဆင့္ျမႇင့္တင္ခဲ့ျခင္းျဖစ္ၿပီး ကေလာ - ေတာင္ႀကီးလမ္းအရွည္ (၄၅)မုိင္အတြင္း တံတားႏွင့္ ေရထုတ္ျပြန္ (၁၂၄)စင္းပါဝင္ကာ စုစုေပါင္း ကုန္က်ေငြ (၇၆.၅) ဘီလီယံရိွေၾကာင္း သိရသည္။

 “ဒီလိုလမ္းတံတားလုပ္ငန္းကို B.O.T ကုမၸဏီမ်ားက ေဆာင္ရြက္ေပးျခင္းျဖင့္ ႏုိင္ငံေတာ္မွ B.O.T လမ္းတံတားလုပ္ငန္းမ်ားမွာ ဘ႑ာေငြေၾကးစိုက္ထုတ္သံုးစြဲစရာမလိုဘဲ ျပည္သူေတြရဲ႕ အျခားေသာ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးက႑မ်ားမွာ အသံုးျပဳျခင္းျဖင့္ က႑ေပါင္းစံု တုိးတက္ေစမည့္ အက်ိဳးေက်းဇူးေတြ ရရိွလာမွာျဖစ္ပါတယ္”ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ဖြင့္ပြဲတြင္ ေျပာၾကားသြားသည္။

လူဦးေရ (၅)သန္းေက်ာ္ေနထုိင္သည့္ ရွမ္းျပည္နယ္အတြင္း ျပည္ေထာင္စုလမ္း (၂၈)လမ္း၊ ျပည္နယ္လမ္း (၁၆၁)လမ္းရိွၿပီး လမ္းအဆင့္ျမႇင့္တင္ျခင္း၊ တံတားမ်ားတည္ေဆာက္ျခင္းကို ေဆာင္ရြက္ေနရာတြင္ ယခုဖြင့္လွစ္လုိက္သည့္ လမ္းပိုင္းမွာ အာရွလမ္းမႀကီးအမွတ္ (၂)ျဖစ္သည့္အတြက္ ျပည္နယ္အတြက္ အေရးပါသည့္ လမ္းပိုင္းတစ္ခုျဖစ္သည္ဟု ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ဆုိသည္။

“အခုလို ရွမ္းျပည္နယ္အတြက္ ကတၱရာကြန္ကရစ္လမ္းသစ္ႀကီး ဖြင့္လွစ္ႏုိင္ခဲ့တဲ့အတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ တာဝန္ရိွပုဂၢိဳလ္မ်ား၊ လႊတ္ေတာ္အသီးသီးမွ ကိုယ္စားလွယ္မ်ား၊ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ တာဝန္ရိွသူမ်ား၊ ပူးေပါင္းကူညီေဆာင္ရြက္ေပးခဲ့ၾကတဲ့ ဆက္စပ္ဌာနအသီးသီးႏွင့္ ေဒသခံျပည္သူမ်ားကို ေက်းဇူးတင္ေၾကာင္းႏွင့္ လမ္း၊တံတားမ်ားအဓြန္႔ရွည္ တည္တံ့ခုိင္ၿမဲေအာင္ ေဒသခံျပည္သူမ်ားမွလည္း ဝိုင္းဝန္းထိန္းသိမ္းကူညီေစာင့္ေရွာက္ၾကပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ဖြင့္ပြဲအခမ္းအနားမိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားသြားျခင္းျဖစ္သည္။

B-O-T စနစ္ျဖင့္ ေတာင္ႀကီး - ကေလာလမ္းပိုင္းအား က်ပ္(၇၆.၅)ဘီလီယံ အကုန္အက်ခံကာ တည္ေဆာက္ထားသည့္ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက ယာဥ္တစ္စီးအား (၁)မိုင္လွ်င္ (၅)က်ပ္ႏႈန္းျဖင့္သာ ေကာက္ခံေၾကာင္းႏွင့္ လမ္းေရရွည္ေကာင္းမြန္ရန္အတြက္ ယာဥ္ေမာင္းသူမ်ားအေနျဖင့္လည္း ၀ိုင္း၀န္းကူညီေပးေစလိုေၾကာင္း ကုမၸဏီဥကၠဌမွ ဆိုသည္။

"ကၽြန္ေတာ္တို႔တာ၀န္ယူထားတဲ့ မိတၳီလာ-ကေလာ-ေတာင္ႀကီးလမ္းပိုင္းမွာဆိုရင္ ေပ်ာ္ဖြယ္-မိတၳီလာ-သေျပ၀-သာစည္ စုစုေပါင္းမိုင္အားျဖင့္ တြက္မယ္ဆိုရင္ မိုင္ (၁၄၀) နဲ႔ (၅) ဖာလံုရိွပါတယ္။ ကၽြန္ေတာ္တို႔ေဖာက္လုပ္ရတဲ့လမ္းပိုင္းဟာဆိုရင္ ေတာင္ေပၚေဒသလမ္းျဖစ္တဲ့အတြက္ ေဖာက္လုပ္ရတာေတာ္ေတာ္ခက္ခဲပါတယ္။ ေျမျပန္႔လိုမလြယ္ကူပါဘူး။ လက္ရိွ (၂၄) ေပကေန (၄၈) ေပတိုးခ်ဲ႕တဲ့ေနရာမွာ ႏိုင္လြန္ကြန္ ကရစ္ကိုခင္းက်င္းတဲ့ေနရာမွာ ဆက္စပ္တဲ့ေရေျမာင္းေတြ တံတားေတြအပါအ၀င္ တစ္မိုင္ကို အၾကမ္းဖ်င္း (၁ ဒသမ ၇) ဘီလီယံေလာက္ကုန္က်ပါတယ္။ အရင္းေက်ကာလတြက္မယ္ဆိုရင္ ႏွစ္ (၆၀) ႏွစ္ (၈၀) ကအရင္းေၾကကာလျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ေကာက္ခံတဲ့ႏႈန္းထားေတြကေတာ့ (၁) မိုင္ကို (၅) က်ပ္ႏႈန္းပဲရိွတဲ့အတြက္ ေတာ္ေတာ္နည္းတယ္လို႔ေျပာရမွာပါ"ဟု ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီ၏ ဥကၠဌ ဦးစိုင္းဖိလစ္ရီက လမ္းဖြင့္ပြဲအခမ္းအနားတြင္ ရွင္းလင္းေျပာၾကားသည္။

အခမ္းအနားသို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္၊ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး  ဦးဝင္းခိုင္၊ ပုိ႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္၊ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္အစိုးရ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးႏွင့္ ျပည္နယ္အစိုးရအဖြဲ႔၀င္ ၀န္ႀကီးမ်ား၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးအုန္းလြင္၊ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီလီမိတက္ ဥကၠဌ ဦးစိုင္းဖိလစ္ရီႏွင့္ တာဝန္ရိွသူမ်ား၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာအသီးသီးမွ တာဝန္ရိွသူမ်ား၊ ဖိတ္ၾကားထားသည့္ ေဒသခံျပည္သူမ်ားလည္း တက္ေရာက္ၾကသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ကိုေဇာင္း ၊ အိုက္သား၊ ၀င္းမင္းေဌး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အာရှလမ်းမကြီးအမှတ် (၂)ဖြစ်သည့် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း၏ အစိတ်အပိုင်းဖြစ်သည့် ကလော - တောင်ကြီးလမ်းပိုင်းကို (၄၈)ပေအကျယ် (၄)လမ်းသွား ကတ္တရာကွန်ကရစ် AC လမ်းဖွင့်ပွဲ အဖြစ် ၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့က နံနက်က အောင်ပန်းနှင့်ကလောမြို့ကြားရှိ ကလောတိုးဂိတ်တွင် ကျင်းပသည်။

အဆိုပါ လမ်းပိုင်းကို B.O.T ရရှိထားသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး ကလော - တောင်ကြီးလမ်းအရှည် (၄၅)မိုင်အတွင်း တံတားနှင့် ရေထုတ်ပြွန် (၁၂၄)စင်းပါဝင်ကာ စုစုပေါင်း ကုန်ကျငွေ (၇၆.၅) ဘီလီယံရှိကြောင်း သိရသည်။

 “ဒီလိုလမ်းတံတားလုပ်ငန်းကို B.O.T ကုမ္ပဏီများက ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်မှ B.O.T လမ်းတံတားလုပ်ငန်းများမှာ ဘဏ္ဍာငွေကြေးစိုက်ထုတ်သုံးစွဲစရာမလိုဘဲ ပြည်သူတွေရဲ့ အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများမှာ အသုံးပြုခြင်းဖြင့် ကဏ္ဍပေါင်းစုံ တိုးတက်စေမည့် အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဖွင့်ပွဲတွင် ပြောကြားသွားသည်။

လူဦးရေ (၅)သန်းကျော်နေထိုင်သည့် ရှမ်းပြည်နယ်အတွင်း ပြည်ထောင်စုလမ်း (၂၈)လမ်း၊ ပြည်နယ်လမ်း (၁၆၁)လမ်းရှိပြီး လမ်းအဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ခြင်းကို ဆောင်ရွက်နေရာတွင် ယခုဖွင့်လှစ်လိုက်သည့် လမ်းပိုင်းမှာ အာရှလမ်းမကြီးအမှတ် (၂)ဖြစ်သည့်အတွက် ပြည်နယ်အတွက် အရေးပါသည့် လမ်းပိုင်းတစ်ခုဖြစ်သည်ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆိုသည်။

“အခုလို ရှမ်းပြည်နယ်အတွက် ကတ္တရာကွန်ကရစ်လမ်းသစ်ကြီး ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ဆက်စပ်ဌာနအသီးသီးနှင့် ဒေသခံပြည်သူများကို ကျေးဇူးတင်ကြောင်းနှင့် လမ်း၊တံတားများအဓွန့်ရှည် တည်တံ့ခိုင်မြဲအောင် ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းထိန်းသိမ်းကူညီစောင့်ရှောက်ကြပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

B-O-T စနစ်ဖြင့် တောင်ကြီး - ကလောလမ်းပိုင်းအား ကျပ်(၇၆.၅)ဘီလီယံ အကုန်အကျခံကာ တည်ဆောက်ထားသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက ယာဉ်တစ်စီးအား (၁)မိုင်လျှင် (၅)ကျပ်နှုန်းဖြင့်သာ ကောက်ခံကြောင်းနှင့် လမ်းရေရှည်ကောင်းမွန်ရန်အတွက် ယာဉ်မောင်းသူများအနေဖြင့်လည်း ၀ိုင်းဝန်းကူညီပေးစေလိုကြောင်း ကုမ္ပဏီဥက္ကဌမှ ဆိုသည်။

"ကျွန်တော်တို့တာဝန်ယူထားတဲ့ မိတ္ထီလာ-ကလော-တောင်ကြီးလမ်းပိုင်းမှာဆိုရင် ပျော်ဖွယ်-မိတ္ထီလာ-သပြေဝ-သာစည် စုစုပေါင်းမိုင်အားဖြင့် တွက်မယ်ဆိုရင် မိုင် (၁၄၀) နဲ့ (၅) ဖာလုံရှိပါတယ်။ ကျွန်တော်တို့ဖောက်လုပ်ရတဲ့လမ်းပိုင်းဟာဆိုရင် တောင်ပေါ်ဒေသလမ်းဖြစ်တဲ့အတွက် ဖောက်လုပ်ရတာတော်တော်ခက်ခဲပါတယ်။ မြေပြန့်လိုမလွယ်ကူပါဘူး။ လက်ရှိ (၂၄) ပေကနေ (၄၈) ပေတိုးချဲ့တဲ့နေရာမှာ နိုင်လွန်ကွန် ကရစ်ကိုခင်းကျင်းတဲ့နေရာမှာ ဆက်စပ်တဲ့ရေမြောင်းတွေ တံတားတွေအပါအဝင် တစ်မိုင်ကို အကြမ်းဖျင်း (၁ ဒသမ ၇) ဘီလီယံလောက်ကုန်ကျပါတယ်။ အရင်းကျေကာလတွက်မယ်ဆိုရင် နှစ် (၆၀) နှစ် (၈၀) ကအရင်းကြေကာလဖြစ်ပါတယ်။ ကျွန်တော်တို့ကောက်ခံတဲ့နှုန်းထားတွေကတော့ (၁) မိုင်ကို (၅) ကျပ်နှုန်းပဲရှိတဲ့အတွက် တော်တော်နည်းတယ်လို့ပြောရမှာပါ"ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီ၏ ဥက္ကဌ ဦးစိုင်းဖိလစ်ရီက လမ်းဖွင့်ပွဲအခမ်းအနားတွင် ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝင်းခိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်၊ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက် ဥက္ကဌ ဦးစိုင်းဖိလစ်ရီနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဒေသခံပြည်သူများလည်း တက်ရောက်ကြသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကိုဇောင်း ၊ အိုက်သား၊ ဝင်းမင်းဌေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net