တာခ်ီလိတ္၌ က်င္းပသည့္ BM ေမထန္ခ်ိတ္(ဖလား) ဖူဆယ္ေဘာလံုးၿပိဳင္ပြဲတြင္ အာခါေစ်း (A)အသင္းက ပထမရ တာခ်ီလိတ္၌ က်င္းပသည့္ BM ေမထန္ခ်ိတ္(ဖလား) ဖူဆယ္ေဘာလံုးၿပိဳင္ပြဲတြင္ အာခါေစ်း (A)အသင္းက ပထမရ

တာခ်ီလိတ္၌ က်င္းပသည့္ BM ေမထန္ခ်ိတ္(ဖလား) ဖူဆယ္ေဘာလံုးၿပိဳင္ပြဲတြင္ အာခါေစ်း (A)အသင္းက ပထမရ တာခ်ီလိတ္၌ က်င္းပသည့္ BM ေမထန္ခ်ိတ္(ဖလား) ဖူဆယ္ေဘာလံုးၿပိဳင္ပြဲတြင္ အာခါေစ်း (A)အသင္းက ပထမရ
စက်တင်ဘာ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ Futsal Tachileik ကြင္းတြင္ Futsal Tachileik ႏွင့္ BM ေမထန္ခ်ိတ္ သြပ္အမိုးျပားႏွင့္ လိတ္တံခါးစက္ရံုတို႔ ပူးေပါင္းက်င္းပျပဳလုပ္သည့္ BM ေမထန္ခ်ိတ္(ဖလား) ဖူဆယ္ေဘာလံုးၿပိဳင္ပြဲ၌ ဖူဆယ္အသင္း (၁၈)သင္းက အုပ္စု (၆)ခုျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ရာ အာခါေစ်း (A)အသင္းက အႏုိင္ရသြားေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၉)ရက္ေန႔မွ စက္တင္ဘာလ (၁၄)ရက္ေန႔အထိ က်င္းပခဲ့သည့္ ဖူဆယ္ၿပိဳင္ပြဲတြင္ အာခါေစ်း(A)အသင္းက ပထမ၊ Jazz အသင္းက ဒုတိယႏွင့္ ဘုိလင္းအသင္းက တတိယအသီးသီး ရရိွသြားၾကျခင္းျဖစ္သည္။

ၿပိဳင္ပြဲတြင္ Football Lover၊ Special One ႏွင့္ Jazz အသင္းတုိ႔က အုပ္စု A၊ ပီလံု၊ တုိင္းရင္းသားလူငယ္ႏွင့္ ေနလင္းအသင္းတုိ႔က အုပ္စု B၊ အလူရာ၊ ယံုရွင္းႏွင့္ ကညနအသင္းတုိ႔က အုပ္စု C၊ ဘိုလင္း၊ အာခါေစ်း (B) ႏွင့္ အာခါေစ်း (A)တို႔က အုပ္စု D၊ ကိုမလိႈင္၊ R.G ႏွင့္ သြယ္အသင္းတုိ႔က အုပ္စု E ႏွင့္ Seven Stars (လာဂါ)၊ ဂ်ီးနီးယပ္စ္ (Genius) ႏွင့္ ရဲစခန္း (ဝမ္ေကာင္း)အသင္းတုိ႔က အုပ္စု F တို႔တြင္ အသီးသီး ယွဥ္ၿပိဳင္ခဲ့ၾကျခင္း ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ Futsal Tachileik ကွင်းတွင် Futsal Tachileik နှင့် BM မေထန်ချိတ် သွပ်အမိုးပြားနှင့် လိတ်တံခါးစက်ရုံတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် BM မေထန်ချိတ်(ဖလား) ဖူဆယ်ဘောလုံးပြိုင်ပွဲ၌ ဖူဆယ်အသင်း (၁၈)သင်းက အုပ်စု (၆)ခုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ အာခါဈေး (A)အသင်းက အနိုင်ရသွားကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ စက်တင်ဘာလ (၁၄)ရက်နေ့အထိ ကျင်းပခဲ့သည့် ဖူဆယ်ပြိုင်ပွဲတွင် အာခါဈေး(A)အသင်းက ပထမ၊ Jazz အသင်းက ဒုတိယနှင့် ဘိုလင်းအသင်းက တတိယအသီးသီး ရရှိသွားကြခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် Football Lover၊ Special One နှင့် Jazz အသင်းတို့က အုပ်စု A၊ ပီလုံ၊ တိုင်းရင်းသားလူငယ်နှင့် နေလင်းအသင်းတို့က အုပ်စု B၊ အလူရာ၊ ယုံရှင်းနှင့် ကညနအသင်းတို့က အုပ်စု C၊ ဘိုလင်း၊ အာခါဈေး (B) နှင့် အာခါဈေး (A)တို့က အုပ်စု D၊ ကိုမလှိုင်၊ R.G နှင့် သွယ်အသင်းတို့က အုပ်စု E နှင့် Seven Stars (လာဂါ)၊ ဂျီးနီးယပ်စ် (Genius) နှင့် ရဲစခန်း (ဝမ်ကောင်း)အသင်းတို့က အုပ်စု F တို့တွင် အသီးသီး ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net