လားရိႈးမန္ဆူေက်ာင္းတြင္ စစ္ေဘးေရွာင္ (၈၀၀)ေက်ာ္ကို လာေရာက္တိမ္းေရွာင္ေန

လားရိႈးမန္ဆူေက်ာင္းတြင္ စစ္ေဘးေရွာင္ (၈၀၀)ေက်ာ္ကို လာေရာက္တိမ္းေရွာင္ေန
သြဂုတ် 18, 2019
By 🌸
႐ွမ္းျပည္နယ္( ေျမာက္ပိုင္း) လားရိွဳးၿမိဳ႕ မန္ဆူေက်ာင္းတြင္ တစ္ရက္တာအတြင္း ေရာက္လာသည့္ စစ္ေဘးေရွာင္ (၈၀၀)ေက်ာ္ရိွေနသည္ဟု သိရသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားအတြက္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၈)ရက္ေန႔တြင္ ႐ွမ္းျပည္နယ္အစိုးရအဖြဲ႔ႏွင့္ လား႐ိႈးၿမိဳ႕ရိွ သဘာဝေဘးအႏၱရာယ္တားဆီးကာကြယ္ေရးေကာ္မတီ ရိကၡာႏွင့္ ေထာက္ပံ့ေငြမ်ား ေပးအပ္ျခင္း၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးေကာ္မတီ၊ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းတို႔မွလည္း အေျခခံပစၥည္း (၉) မ်ိဳး၊ ေဆးဝါး၊ အဝတ္အထည္၊ ေစာင္မ်ား ကူညီေပးထားၿပီး အျခားအလွဴရွင္မ်ားကလည္း ေသာက္ေရသန္႔၊ အခ်ိဳရည္၊ ေခါက္ဆဲြ စသည့္ စားေသာက္ကုန္မ်ား လာေရာက္ေပးအပ္ေနၾကသည္။

လား႐ိႈးၿမိဳ႕၊ အမွတ္ (၁၂) ရပ္ကြက္ရိွ ေအာင္သစၥာတိုးခ်ဲ့ရပ္ကြက္( စစ္မႈထမ္းေဟာင္း ရပ္ကြက္)၊ မတ္ခ်ီးႏုေက်းရြာ၊ တာပံုေက်းရြာတို႔မွ ၾသဂုတ္လ (၁၇)ရက္ေန႔တြင္ စစ္ေဘးေ႐ွာင္လာေသာ လူဦးေရ (၄၀၀) ေက်ာ္ႏွင့္ တာပံုေက်းရြာရိွ ခ်စ္ျခင္းေမတၱာမိဘမဲ့ေဂဟာမွ လူဦးေရ (၃၂၀) ေက်ာ္တို႔ မန္ဆူရွမ္းေက်ာင္းသို႔ ခိုလံႈလာျခင္း ျဖစ္သည္။

လားရိႈးၿမိဳ႕အနီးဝန္းက်င္တြင္ ပစ္ခတ္တုိက္ခုိက္မႈအနည္းငယ္ရိွသျဖင့္ စိုးရိမ္ထိတ္လန္႔ေနသည့္လူထုက လံုၿခံဳေဘးကင္းရာသို႔ တိမ္းေရွာင္ေနၾကျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ပုညနႏၵ

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးမန်ဆူကျောင်းတွင် စစ်ဘေးရှောင် (၈၀၀)ကျော်ကို လာရောက်တိမ်းရှောင်နေ
**************
ရှမ်းပြည်နယ်( မြောက်ပိုင်း) လားရှိုးမြို့ မန်ဆူကျောင်းတွင် တစ်ရက်တာအတွင်း ရောက်လာသည့် စစ်ဘေးရှောင် (၈၀၀)ကျော်ရှိနေသည်ဟု သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လားရှိုးမြို့ရှိ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးကော်မတီ ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှလည်း အခြေခံပစ္စည်း (၉) မျိုး၊ ဆေးဝါး၊ အဝတ်အထည်၊ စောင်များ ကူညီပေးထားပြီး အခြားအလှူရှင်များကလည်း သောက်ရေသန့်၊ အချိုရည်၊ ခေါက်ဆွဲ စသည့် စားသောက်ကုန်များ လာရောက်ပေးအပ်နေကြသည်။

လားရှိုးမြို့၊ အမှတ် (၁၂) ရပ်ကွက်ရှိ အောင်သစ္စာတိုးချဲ့ရပ်ကွက်( စစ်မှုထမ်းဟောင်း ရပ်ကွက်)၊ မတ်ချီးနုကျေးရွာ၊ တာပုံကျေးရွာတို့မှ သြဂုတ်လ (၁၇)ရက်နေ့တွင် စစ်ဘေးရှောင်လာသော လူဦးရေ (၄၀၀) ကျော်နှင့် တာပုံကျေးရွာရှိ ချစ်ခြင်းမေတ္တာမိဘမဲ့ဂေဟာမှ လူဦးရေ (၃၂၀) ကျော်တို့ မန်ဆူရှမ်းကျောင်းသို့ ခိုလှုံလာခြင်း ဖြစ်သည်။

လားရှိုးမြို့အနီးဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်မှုအနည်းငယ်ရှိသဖြင့် စိုးရိမ်ထိတ်လန့်နေသည့်လူထုက လုံခြုံဘေးကင်းရာသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ပုညနန္ဒ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net