ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (၆) ခုမွ ေက်ာင္းသားေက်ာင္းသူမ်ားကို ေဆးတကၠသိုလ္မ်ားတြင္ အနိမ့္ဆံုး ဝင္ခြင့္မွတ္ထက္ေလွ်ာ့၍ ဝင္ခြင့္ေပးထား

ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (၆) ခုမွ ေက်ာင္းသားေက်ာင္းသူမ်ားကို ေဆးတကၠသိုလ္မ်ားတြင္ အနိမ့္ဆံုး ဝင္ခြင့္မွတ္ထက္ေလွ်ာ့၍ ဝင္ခြင့္ေပးထား
သြဂုတ် 25, 2019
By 🌸
ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ (၆)ခုတြင္ သံုးႏွစ္ဆက္တိုက္ ပညာသင္ၾကားခဲ့ၿပီး တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ခဲ့သူမ်ားကို ေဆးတကၠသိုလ္မ်ားတြင္ အနိမ့္ဆံုးဝင္ခြင့္မွတ္ေအာက္ေလွ်ာ့၍ ဝင္ခြင့္အေရအတြက္၏ (၃) ရာခုိင္ႏႈန္းကို ဝင္ခြင့္လက္ခံေပးေနေၾကာင္း သိရသည္။

ႏိုင္ငံေတာ္မွ ထုတ္ျပန္ထားေသာ ေဒသစရိတ္ခံစားခြင့္ရွိသည့္ သြားလာေရးႏွင့္ လူမႈေရးခက္ခဲေသာ ေဒသမ်ား ျဖစ္သည့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (၆)ခုတြင္ ျပန္လည္တာဝန္ထမ္းေဆာင္မည့္ ဆရာဝန္မ်ား တိုးလာေစရန္ ရည္ရြယ္ခ်က္ျဖင့္ တင္ျပေဆာင္ရြက္မႈအေပၚ ႏိုင္ငံေတာ္သမၼတ႐ုံး၏ သေဘာတူ ခြင့္ျပဳခ်က္ျဖင့္ ေဆးတကၠသိုလ္မ်ား၏ ပံုမွန္ဝင္ခြင့္ျပဳ အနိမ့္ဆံုးရမွတ္ေအာက္ေလွ်ာ့၍ ဝင္ခြင့္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

အျခားတကၠသိုလ္မ်ားတြင္ ေဝးလံေခါင္ဖ်ားေဒသမ်ားမွ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ ဝင္ခြင့္အမွတ္ ေလွ်ာ့ခ်ေပးျခင္း မရိွေသာ္လည္း ဝင္ခြင့္ဦးေရ၏ ရာခိုင္ႏႈန္းတစ္ခုသတ္မွတ္ၿပီး လက္ခံေပးေနေၾကာင္း သိရသည္။

ေဝးလံေခါင္ဖ်ားေဒသမ်ားမွ ေက်ာင္းသားေက်ာင္းသူမ်ားအား ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္တြင္ သတ္မွတ္ထားေသာ တကၠသိုလ္ဝင္ခြင့္ ရမွတ္ျပည့္မီပါက ဝင္ခြင့္ရေက်ာင္းသား ေက်ာင္းသူမ်ား၏ (၁၀) ရာခိုင္ႏႈန္းကို လက္ခံေပးေနေၾကာင္း သိရသည္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၃)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၂)ရက္ေန႔က မာန္ေအာင္မဲဆႏၵနယ္မွ ဦးတင္ႏု(ခ) ဦးတင္ႏုေအာင္က ျပည္နယ္၊ ျပည္မ ပညာေရးကြာဟမႈနည္းပါးေစရန္ ေဝးလံေခါင္သီေဒသမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ တကၠသိုလ္ဝင္ခြင့္ရာခိုင္ႏႈန္းအား တိက်စြာသတ္မွတ္ေပးရန္ အစီအစဥ္ ရွိ၊ မရွိကို ေမးျမန္းခဲ့ရာ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ျပန္လည္ေျဖၾကားခဲ့သည္။

Tachileik News Agency
ဓါတ္ပံု - ျပည္သူ႔လႊတ္ေတာ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုမှ ကျောင်းသားကျောင်းသူများကို ဆေးတက္ကသိုလ်များတွင် အနိမ့်ဆုံး ဝင်ခွင့်မှတ်ထက်လျှော့၍ ဝင်ခွင့်ပေးထား
***********
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (၆)ခုတွင် သုံးနှစ်ဆက်တိုက် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူများကို ဆေးတက္ကသိုလ်များတွင် အနိမ့်ဆုံးဝင်ခွင့်မှတ်အောက်လျှော့၍ ဝင်ခွင့်အရေအတွက်၏ (၃) ရာခိုင်နှုန်းကို ဝင်ခွင့်လက်ခံပေးနေကြောင်း သိရသည်။

နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများ ဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုတွင် ပြန်လည်တာဝန်ထမ်းဆောင်မည့် ဆရာဝန်များ တိုးလာစေရန် ရည်ရွယ်ချက်ဖြင့် တင်ပြဆောင်ရွက်မှုအပေါ် နိုင်ငံတော်သမ္မတရုံး၏ သဘောတူ ခွင့်ပြုချက်ဖြင့် ဆေးတက္ကသိုလ်များ၏ ပုံမှန်ဝင်ခွင့်ပြု အနိမ့်ဆုံးရမှတ်အောက်လျှော့၍ ဝင်ခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အခြားတက္ကသိုလ်များတွင် ဝေးလံခေါင်ဖျားဒေသများမှ ကျောင်းသားကျောင်းသူများအတွက် ဝင်ခွင့်အမှတ် လျှော့ချပေးခြင်း မရှိသော်လည်း ဝင်ခွင့်ဦးရေ၏ ရာခိုင်နှုန်းတစ်ခုသတ်မှတ်ပြီး လက်ခံပေးနေကြောင်း သိရသည်။

ဝေးလံခေါင်ဖျားဒေသများမှ ကျောင်းသားကျောင်းသူများအား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့် ရမှတ်ပြည့်မီပါက ဝင်ခွင့်ရကျောင်းသား ကျောင်းသူများ၏ (၁၀) ရာခိုင်နှုန်းကို လက်ခံပေးနေကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့က မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု(ခ) ဦးတင်နုအောင်က ပြည်နယ်၊ ပြည်မ ပညာရေးကွာဟမှုနည်းပါးစေရန် ဝေးလံခေါင်သီဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့်ရာခိုင်နှုန်းအား တိကျစွာသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားခဲ့သည်။

Tachileik News Agency
ဓါတ်ပုံ - ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net