တာခ်ီလိတ္ၿမိဳ႕ NIEC မွ ၂၀၁၈ - ၂၀၁၉၏ ပညာသင္ႏွစ္အတြက္ ေအာင္လက္မွတ္ ႏွင့္ ထူးခြ်န္ဆုေပးအပ္ပြဲ က်င္းပ

တာခ်ီလိတ္ၿမိဳ႕ NIEC မွ ၂၀၁၈ - ၂၀၁၉၏ ပညာသင္ႏွစ္အတြက္ ေအာင္လက္မွတ္ ႏွင့္ ထူးခြ်န္ဆုေပးအပ္ပြဲ က်င္းပ
မတ် 29, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ ပံုလို႔လမ္းတြင္ ဖြင့္လွစ္ထားရွိသည့္ ႏိုင္ငံတကာအဆင့္မွီ မူလတန္းႏွင့္အထက္တန္းေက်ာင္း ( NIEC ) က  ၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္၏  ေအာင္လက္မွတ္ ႏွင့္ ထူးခြ်န္ဆု ေပးအပ္သည့္ အခမ္းအနားအား ၂၀၁၉ခုႏွစ္ မတ္လ(၂၈)ရက္ေန႔ ညေနပိုင္းက က်င္းပျပဳလုပ္ခဲ့ၾကသည္။

အဆိုပါ အခမ္းအနားတြင္ ႏိုင္ငံတကာအဆင့္မွီ မူလတန္းႏွင့္ အထက္တန္းေက်ာင္း ( NIEC )၌ တက္ေရာက္ေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားက အဆို အကမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ၾကသည္။

ေဖ်ာ္ေျဖပြဲၿပီးေနာက္တြင္ အဆိုပါ ေက်ာင္းမွ ၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္အတြင္း က႑အလိုက္ ထူးခြ်န္သူ ေက်ာင္းသား/သူမ်ားအား   NIEC မွ တာ၀န္ရွိသူမ်ားက ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ရွိ  ႏိုင္ငံတကာအဆင့္မွီ မူလတန္းႏွင့္အထက္တန္းေက်ာင္း ( The Nelson International Education Center - NIEC )အား ၂၀၁၄ခုႏွစ္ ဇြန္လ(၁၆)ရက္ေန႔က စတင္ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ပုံလို့လမ်းတွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( NIEC ) က ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်၏ အောင်လက်မှတ် နှင့် ထူးချွန်ဆု ပေးအပ်သည့် အခမ်းအနားအား ၂၀၁၉ခုနှစ် မတ်လ(၂၈)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့် အထက်တန်းကျောင်း ( NIEC )၌ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူလေးများက အဆို အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ဖျော်ဖြေပွဲပြီးနောက်တွင် အဆိုပါ ကျောင်းမှ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွင်း ကဏ္ဍအလိုက် ထူးချွန်သူ ကျောင်းသား/သူများအား NIEC မှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်ရှိ နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( The Nelson International Education Center - NIEC )အား ၂၀၁၄ခုနှစ် ဇွန်လ(၁၆)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net