မုိင္းလားေဒသမွ အာဖရိကဝက္အျပင္းဖ်ားေရာဂါ မကူးစက္ေစရန္ က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ၿမိဳ႕ဝင္၊ ထြက္မ်ားတြင္ ေမာ္ေတာ္ယာဥ္မ်ားအား ပိုးသတ္ေဆးျဖန္းျခင္း ေန႔စဥ္ေဆာင္ရြက္ေန

မုိင္းလားေဒသမွ အာဖရိကဝက္အျပင္းဖ်ားေရာဂါ မကူးစက္ေစရန္ က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ၿမိဳ႕ဝင္၊ ထြက္မ်ားတြင္ ေမာ္ေတာ္ယာဥ္မ်ားအား ပိုးသတ္ေဆးျဖန္းျခင္း ေန႔စဥ္ေဆာင္ရြက္ေန
သြဂုတ် 16, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္အတြင္း အာဖရိကဝက္အျပင္းဖ်ားေရာဂါ ကူးစက္ပ်ံ႕ႏွံ႕ျခင္းမရိွေစရန္ ၿမိဳ႕အဝင္ႏွင့္ အထြက္မ်ားမွ ေမာ္ေတာ္ယာဥ္မ်ားအား ပိုးသတ္ေဆးျဖန္းျခင္းကို ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ ေန႔စဥ္ေဆာင္ရြက္ေနၿပီး ဝက္သားအေရာင္းဆုိင္မ်ားကိုလည္း စိစစ္ၾကပ္မတ္ေနေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္ႏွင့္ နယ္ခ်င္းဆက္ေနသည့္ မုိင္းလားေဒသတြင္ တရုတ္ႏုိင္ငံဘက္မွ အာဖရိက ဝက္အျပင္းဖ်ားေရာဂါကူးစက္ပ်ံ႕ႏွံ႕ေနသည့္အတြက္ မိုင္းလားဘက္မွ က်ိဳင္းတံုဘက္ဝင္လာသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ၿမိဳ႕အဝင္ဂိတ္မွ ပိုးသတ္ေဆးျဖန္းျခင္းကို ေန႔စဥ္ေဆာင္ရြက္ေနျခင္းျဖစ္သည္။

“မုိင္းလားမွာ အာဖရိကဝက္တုပ္ေကြးျဖစ္တယ္ဆိုတာ ေၾကညာလုိက္တဲ့အတြက္ ၾသဂုတ္လ (၁၅)ရက္ေန႔ မနက္ပိုင္းမွာ စီခန္႔ကဌာနဆုိင္ရာေတြနဲ႔ အစည္းအေဝးေခၚတယ္။ အဲဒီမွာ မိုင္းလားကေန ဝင္လာသမွ်ကားတိုင္းကို ပိုးသတ္ေဆးျဖန္းဖို႔ ဆံုးျဖတ္တယ္။  ၾသဂုတ္လ (၁၂)ရက္ေန႔ကတည္းက စျဖန္းေပးေနေပမဲ့ အခုက ေန႔တုိင္းေဆာင္ရြက္သြားမယ္။ ေနာက္ဝက္နဲ႔ ဝက္ထြက္ပစၥည္းေတြလည္း မသယ္ရဘူးဆိုတာ အရင္ (၅)လပိုင္းကတည္းက ပိတ္ထားသလို အခုလည္း ပိုၿပီး ၾကပ္မတ္ ေဆာင္ရြက္ေနတယ္”ဟု စားသုံးသူေရးရာဦးစီးဌာနမွ က်ိဳင္းတုံခရိုင္ဦးစီးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသတြင္း အာဖရိကဝက္အျပင္းဖ်ားေရာဂါ ကူးစက္ပ်ံ႕ႏွံ႔ျခင္းမရိွေစရန္ ကာကြယ္ေရးလုပ္ငန္းမ်ားကို က်ိဳင္းတံုခရိုင္အတြင္းရိွ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ စားသုံးသူေရးရာဦးစီးဌာန၊ စည္ပင္သာယာေရးဌာန၊ အေကာက္ခြန္ဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနစသည့္ ဌာနေပါင္းစံုပါဝင္သည့္အဖြဲ႕ျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အာဖရိကဝက္အျပင္းဖ်ားေရာဂါသည္ လူကိုမကူးစက္ေစဘဲ ဝက္မ်ားကိုသာ ကူးစက္သည့္ ေရာဂါျဖစ္ၿပီး ကာကြယ္ေဆးမရိွသည့္အျပင္ ကုသရန္လည္းခက္ခဲကာ ဝက္မ်ားအစုလိုက္အၿပံဳလုိက္ေသဆံုးေစသျဖင့္ ေရာဂါမျပန္႔ပြားေရး ထိန္းခ်ဳပ္ေနျခင္းျဖစ္သည္။

အဆိုပါေရာဂါျဖစ္ပြားေစသည့္ ဗိုင္းရပ္စ္ပိုးသည္ မႊားေကာင္မွတစ္ဆင့္ ေရာဂါရိွသည့္ဝက္မွ အျခားဝက္မ်ားသို႔လည္းေကာင္း၊ ေရာဂါပိုးရိွသည့္ဝက္ကို ထိေတြ႔ကိုင္တြယ္မိသည့္ လူႏွင့္ အရာဝတၳဳပစၥည္းမ်ားမွ တစ္ဆင့္လည္းေကာင္း ကူးစက္ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - LBVD

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းလားဒေသမှ အာဖရိကဝက်အပြင်းဖျားရောဂါ မကူးစက်စေရန် ကျိုင်းတုံမြို့နယ်အတွင်း မြို့ဝင်၊ ထွက်များတွင် မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်း နေ့စဉ်ဆောင်ရွက်နေ
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရန် မြို့အဝင်နှင့် အထွက်များမှ မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်းကို သြဂုတ်လ (၁၅)ရက်နေ့မှစ၍ နေ့စဉ်ဆောင်ရွက်နေပြီး ဝက်သားအရောင်းဆိုင်များကိုလည်း စိစစ်ကြပ်မတ်နေကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်နှင့် နယ်ချင်းဆက်နေသည့် မိုင်းလားဒေသတွင် တရုတ်နိုင်ငံဘက်မှ အာဖရိက ဝက်အပြင်းဖျားရောဂါကူးစက်ပျံ့နှံ့နေသည့်အတွက် မိုင်းလားဘက်မှ ကျိုင်းတုံဘက်ဝင်လာသည့် မော်တော်ယာဉ်များအား မြို့အဝင်ဂိတ်မှ ပိုးသတ်ဆေးဖြန်းခြင်းကို နေ့စဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

“မိုင်းလားမှာ အာဖရိကဝက်တုပ်ကွေးဖြစ်တယ်ဆိုတာ ကြေညာလိုက်တဲ့အတွက် သြဂုတ်လ (၁၅)ရက်နေ့ မနက်ပိုင်းမှာ စီခန့်ကဌာနဆိုင်ရာတွေနဲ့ အစည်းအဝေးခေါ်တယ်။ အဲဒီမှာ မိုင်းလားကနေ ဝင်လာသမျှကားတိုင်းကို ပိုးသတ်ဆေးဖြန်းဖို့ ဆုံးဖြတ်တယ်။  သြဂုတ်လ (၁၂)ရက်နေ့ကတည်းက စဖြန်းပေးနေပေမဲ့ အခုက နေ့တိုင်းဆောင်ရွက်သွားမယ်။ နောက်ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေလည်း မသယ်ရဘူးဆိုတာ အရင် (၅)လပိုင်းကတည်းက ပိတ်ထားသလို အခုလည်း ပိုပြီး ကြပ်မတ် ဆောင်ရွက်နေတယ်”ဟု စားသုံးသူရေးရာဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရန် ကာကွယ်ရေးလုပ်ငန်းများကို ကျိုင်းတုံခရိုင်အတွင်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစသည့် ဌာနပေါင်းစုံပါဝင်သည့်အဖွဲ့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် လူကိုမကူးစက်စေဘဲ ဝက်များကိုသာ ကူးစက်သည့် ရောဂါဖြစ်ပြီး ကာကွယ်ဆေးမရှိသည့်အပြင် ကုသရန်လည်းခက်ခဲကာ ဝက်များအစုလိုက်အပြုံလိုက်သေဆုံးစေသဖြင့် ရောဂါမပြန့်ပွားရေး ထိန်းချုပ်နေခြင်းဖြစ်သည်။

အဆိုပါရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးသည် မွှားကောင်မှတစ်ဆင့် ရောဂါရှိသည့်ဝက်မှ အခြားဝက်များသို့လည်းကောင်း၊ ရောဂါပိုးရှိသည့်ဝက်ကို ထိတွေ့ကိုင်တွယ်မိသည့် လူနှင့် အရာဝတ္ထုပစ္စည်းများမှ တစ်ဆင့်လည်းကောင်း ကူးစက်ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - LBVD

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net