မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွက် ထောက်ပံ့အလှူငွေ ကျပ်သိန်းပေါင်း (၄၃၄)သိန်းကျော် ခွဲဝေလှူဒါန်းရာတွင် အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ မှ ကောက်ခံရရှိသည့် ကျပ်သိန်း(၃၆၀)ကျော် ပါဝင်
မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွက် ထောက်ပံ့အလှူငွေ ကျပ်သိန်းပေါင်း (၄၃၄)သိန်းကျော် ခွဲဝေလှူဒါန်းရာတွင် အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ မှ ကောက်ခံရရှိသည့် ကျပ်သိန်း(၃၆၀)ကျော် ပါဝင်
သွဂုတျ 23, 2019
By Tachileik News Agency
"ကျွန်တော်တို့ အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့ အပါအ၀င် အဖွဲ့(၅)ဖွဲ့စုပေါင်းပြီး ဆေးရုံဟောင်းရှေ့မှာ အလှူငွေကောက်ခံတဲ့အခါမှာ (၃)ရက်အတွင်း စေတနာရှင်များရဲ့ ပါဝင်လှူဒါန်းငွေ အားလုံးဟာ ဘတ်ကိုလည်း ကျပ်လဲလိုက်တော့ စုစုပေါင်း ကျပ်သိန်းပေါင်း(၃၆၁)သိန်းကျော် ရရှိလာပါတယ်၊ လက်တွေ့မှာ တကယ်ကြုံတွေ့ခံစားနေရသူတဲ့သူတွေဆီ ထောက်ပံ့ရေးမှာ ပိုမိုစနစ်တကျဖြစ်အောင်လို့  ပြည်နယ်အစိုးရကနေ တဆင့်ခွဲဝေလှူဒါန်းနိုင်ရန်အတွက် အခုလို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးကနေ တဆင့် လှူဒါန်းလိုက်တာပါ၊ ပါဝင်လှူဒါန်းပေးကြတဲ့ စေတနာရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်"ဟု အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့မှ ဦးစိုင်းဂျွန်ရီက ပြောသည်။
မွန်ပြည်နယ်အတွင်း သြဂုတ်လ၏ ပထမပတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ မြေပြိုမှုများကြောင့် အိမ်ထောင်စုပေါင်း (၂,၁၉၆)စုမှ လူဦးရေ စုစုပေါင်း (၅,၄၄၆)မှာ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည့်အပြင် နေအိမ်၊ စိုက်ဧကများ၊ ရာဘာစိုက်ခြံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့ရသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် လိုအပ်နေခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မွန်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများ နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် တာချီလိတ်မြို့သူ မြို့သားများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များမှ စုစုပေါင်း ကျပ်သိန်းပေါင်း (၄၃၄)သိန်းကျော် ပေးအပ်လှူဒါန်းပွဲအား ၂၀၁၉ခုနှစ် သြဂုတ်လ(၂၃)ရက်နေ့ နံနက်က တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
"မွန်ပြည်နယ်သဘာဝဘေးနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တိုက်ပွဲရှောင်တွေအတွက် ပြည်သူလူထုစုပေါင်းလှူဒါန်းပွဲ အခမ်းအနားမှာ လှူဒါန်းတဲ့ဟာက ကျပ် ၄၃,၄၇၄,၆၅၀၊ ဒါကဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၃) ရက်နေ့က (၁၃၂) သိန်းလှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ နှစ်ကြိမ်ပေါင်းရင် (၅၆,၆၇၄,၆၅၀)ကို တာချီလိတ်ခရိုင်အနေနဲ့ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ မွန်ပြည်နယ်ရေဘေးဆိုရင် ဖြစ်ပွားတဲ့အချိန်ကစပြီးတော့ ဒေသခံ အစိုးရအဖွဲ့နဲ့ပြည်သူလူထုတွေရဲ့ ကူညီမူ၊ နိုင်ငံတော်ရဲ့ကူညီမှုတွေ၊ နိုင်ငံတကာရဲ့ကူညီမှုတွေနဲ့ တော်တော်များများ ပြည့်စုံခဲ့ပြီဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းထဲမှာ အဓိက လှူဒါန်းကြမှာဖြစ်တဲ့ အတွက် အဲဒီထဲမှာလည်း လိုအပ်သလောက်ခွဲဝပြေီးတော့ လှူဒါန်းပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်ချက်တွေရှိနေတဲ့အတွက် ခွဲဝပြေီးတော့လှူဒါန်းသွားပါမယ်။ ဒီငွေတွေကိုရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ ပေးပို့ပြီးလှူဒါန်းသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ သက်ဆိုင်ရာဒေသတွေကို ပေးပို့ပြီးတော့ ထပ်မံခွေဲဝလှူဒါန်းသွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အလှူငွေများ ပေးအပ်ရာတွင် အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ ဦးစီးပြီး A3N Music Band၊ Mizzima Crew၊ Smile Music နှင့် Bonsai Zumba Club ပါဝင်သည့် အလှူငွေကောက်ခံရေးအဖွဲ့မှ ငွေ(၃၆,၁၇၄,၆၅၀)ကျပ်၊ စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ကျပ်(၃၅)သိန်း၊ နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့် အထက်တန်းကျောင်း ( NIEC Tachileik )က ကျပ်(၁၂)သိန်း၊ အထက(တာချီလိတ်)Y2k (၁၉၉၉-၂၀၀၀) ကျောင်းသား ကျောင်းသူဟောင်းများက ကျပ်(၆)သိန်း နှင့် သတ္တူလုပ်ငန်းရှင်များအသင်းက ကျပ်သိန်း(၂၀) စုစုပေါင်း ကျပ်သိန်းပေါင်း(၄၃,၄၇၄,၆၅၀)အား ပေးအပ်လှူဒါန်းရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က လက်ခံပေးကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
"ကျွန်တော်တို့ အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့ အပါအဝင် အဖွဲ့(၅)ဖွဲ့စုပေါင်းပြီး ဆေးရုံဟောင်းရှေ့မှာ အလှူငွေကောက်ခံတဲ့အခါမှာ (၃)ရက်အတွင်း စေတနာရှင်များရဲ့ ပါဝင်လှူဒါန်းငွေ အားလုံးဟာ ဘတ်ကိုလည်း ကျပ်လဲလိုက်တော့ စုစုပေါင်း ကျပ်သိန်းပေါင်း(၃၆၁)သိန်းကျော် ရရှိလာပါတယ်၊ လက်တွေ့မှာ တကယ်ကြုံတွေ့ခံစားနေရသူတဲ့သူတွေဆီ ထောက်ပံ့ရေးမှာ ပိုမိုစနစ်တကျဖြစ်အောင်လို့ ပြည်နယ်အစိုးရကနေ တဆင့်ခွေဲဝလှူဒါန်းနိုင်ရန်အတွက် အခုလို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးကနေ တဆင့် လှူဒါန်းလိုက်တာပါ၊ ပါဝင်လှူဒါန်းပေးကြတဲ့ စေတနာရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်"ဟု အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့မှ ဦးစိုင်းဂျွန်ရီက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှ စတင်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ဘေးတိမ်းရှောင်လာသူများမှာ လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့များတွင် ခိုလှုံနေရပြီး လားရှိုးမြို့ မန်ဆူကျောင်းတိုက် တစ်ခုထဲတွင်စစ်ဘေးရှောင်သူ (၈၀၀)ဦးရှိနေကြောင်း သိသည်။
မွန်ပြည်နယ်အတွင်း သြဂုတ်လ၏ ပထမပတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရကြေီး၊ မြပြေိုမှုများကြောင့် အိမ်ထောင်စုပေါင်း (၂,၁၉၆)စုမှ လူဦးရေ စုစုပေါင်း (၅,၄၄၆)မှာ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည့်အပြင် နေအိမ်၊ စိုက်ဧကများ၊ ရာဘာစိုက်ခြံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့ရသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် လိုအပ်နခြေင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net