ထိုင္းႏိုင္ငံ ပတၱယားတြင္ က်င္းပမည့္ Prince & Princess International ၿပိဳင္ပြဲသို႔ ျမန္မာႏိုင္ငံကိုယ္စားျပဳသြားေရာက္ယွဥ္ၿပိဳင္ရန္ တာခ်ီလိတ္ၿမိဳ႕မွ (၄)ဦး ေရြးခ်ယ္

ထိုင္းႏိုင္ငံ ပတၱယားတြင္ က်င္းပမည့္ Prince & Princess International ၿပိဳင္ပြဲသို႔ ျမန္မာႏိုင္ငံကိုယ္စားျပဳသြားေရာက္ယွဥ္ၿပိဳင္ရန္ တာခ်ီလိတ္ၿမိဳ႕မွ (၄)ဦး ေရြးခ်ယ္
မေ 16, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံ ပတၱယားၿမိဳ႕တြင္ က်င္းပမည့္ Prince & Princess International ၿပိဳင္ပြဲသို႔ ျမန္မာႏိုင္ငံကိုယ္စားျပဳသြားေရာက္ယွဥ္ၿပိဳင္ရန္အတြက္ လူေရြးခ်ယ္ပြဲကို ၂၀၁၉ ခုႏွစ္ ေမလ (၁၆) ရက္ေန႔ ည(၆)နာရီကစ၍  တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ရိွ ဟုတ္တတ္မဂၤလာခန္းမတြင္ က်င္းပခဲ့ရာ ျမန္မာႏိုင္ငံကိုယ္စားျပဳ  Mister & Miss (၄) ဦးႏွင့္ တာခ်ီလိတ္ကိုယ္စားျပဳ Miss (၁) ဦးေရြးခ်ယ္ခဲ့ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ Junior Mister Tachileik 2019 ကို အသက္ (၁၁) ႏွစ္အရြယ္ ၀င္းျမင့္ေအာင္ က လည္းေကာင္း၊  Mister Teen Tachileik 2019 ကို  အသက္ (၁၆) ႏွစ္အရြယ္ သန္႔ဇင္ဦး က လည္းေကာင္း၊ Miss Teen Tachileik 2019 ကို အသက္ (၁၇) ႏွစ္အရြယ္ နန္းသီရိစံ က လည္းေကာင္း ရရွိသည္။

ဆက္လက္၍  Little Miss Tachileik 2019 ကို အသက္ (၁၂) ႏွစ္အရြယ္ နန္းေအးခမ္းျပည့္ ကလည္းေကာင္း၊ Little Miss Tachileik 2019 ကို အသက္ (၁၂) ႏွစ္အရြယ္ ထက္သဥၨာေအာင္ က လည္းေကာင္း အသီးသီး ရရိွသြားၿပီး တာခ်ီလိတ္ကိုယ္စားျပဳ နန္းေအးခမ္းျပည့္မွအပ က်န္ (၄) ဦးမွာ ထိုင္းႏိုင္ငံတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း သိရသည္။

"ထိုင္းႏိုင္ငံ ပတၱယားကိုသြားၿပီးယွဥ္ၿပိဳင္ရမွာပါ။ (၇) လပိုင္းထဲမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာ။ အဲဒီကာလမတိုင္ခင္မွာပဲ ဒီကေလးေတြက ျမန္မာႏိုင္ငံရဲ႕ ရိုးရာယဥ္ေက်းမႈေတြ၊ သူတို႔ လိုအပ္တဲ့ကိုယ္ရည္ကိုယ္ေသြးေတြ သင္ယူၿပီးမွ ႏိုင္ငံေပါင္း (၃၀) ေက်ာ္ထဲမွာမွ ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ သြားေရာက္ယွဥ္ၿပိဳင္ရမွာပါ"ဟု MMPA မွ ရွမ္းျပည္နယ္ဒါရိုက္တာ ဦးလင္းထက္လင္းက တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏုိင္ငံ ပတၱယားတြင္ က်င္းပမည့္ Prince & Princess International ၿပိဳင္ပြဲအတြက္ ျမန္မာႏုိင္ငံကိုယ္စားျပဳအေနျဖင့္ တာခ်ီလိတ္မွ အသက္(၄)ႏွစ္အရြယ္မွ အသက္(၁၇)ႏွစ္အရြယ္အထိ မိန္းကေလး ႏွင့္ ေယာက်ာ္းေလး စုစုေပါင္း (၂၀)ဦးက ယေန႔ ၿပိဳင္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ထိုအထဲမွ (၅)ဦးကို ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် ကျင်းပမည့် Prince & Princess International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရန်အတွက် လူရွေးချယ်ပွဲကို ၂၀၁၉ ခုနှစ် မေလ (၁၆) ရက်နေ့ ည(၆)နာရီကစ၍ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တတ်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Mister & Miss (၄) ဦးနှင့် တာချီလိတ်ကိုယ်စားပြု Miss (၁) ဦးရွေးချယ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် Junior Mister Tachileik 2019 ကို အသက် (၁၁) နှစ်အရွယ် ဝင်းမြင့်အောင် က လည်းကောင်း၊ Mister Teen Tachileik 2019 ကို အသက် (၁၆) နှစ်အရွယ် သန့်ဇင်ဦး က လည်းကောင်း၊ Miss Teen Tachileik 2019 ကို အသက် (၁၇) နှစ်အရွယ် နန်းသီရိစံ က လည်းကောင်း ရရှိသည်။

ဆက်လက်၍ Little Miss Tachileik 2019 ကို အသက် (၁၂) နှစ်အရွယ် နန်းအေးခမ်းပြည့် ကလည်းကောင်း၊ Little Miss Tachileik 2019 ကို အသက် (၁၂) နှစ်အရွယ် ထက်သဉ္ဇာအောင် က လည်းကောင်း အသီးသီး ရရှိသွားပြီး တာချီလိတ်ကိုယ်စားပြု နန်းအေးခမ်းပြည့်မှအပ ကျန် (၄) ဦးမှာ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

"ထိုင်းနိုင်ငံ ပတ္တယားကိုသွားပြီးယှဉ်ပြိုင်ရမှာပါ။ (၇) လပိုင်းထဲမှာ သွားရောက်ယှဉ်ပြိုင်ရမှာ။ အဲဒီကာလမတိုင်ခင်မှာပဲ ဒီကလေးတွေက မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ သူတို့ လိုအပ်တဲ့ကိုယ်ရည်ကိုယ်သွေးတွေ သင်ယူပြီးမှ နိုင်ငံပေါင်း (၃၀) ကျော်ထဲမှာမှ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာပါ"ဟု MMPA မှ ရှမ်းပြည်နယ်ဒါရိုက်တာ ဦးလင်းထက်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ ပတ္တယားတွင် ကျင်းပမည့် Prince & Princess International ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအနဖြေင့် တာချီလိတ်မှ အသက်(၄)နှစ်အရွယ်မှ အသက်(၁၇)နှစ်အရွယ်အထိ မိန်းကလေး နှင့် ယောကျာ်းလေး စုစုပေါင်း (၂၀)ဦးက ယနေ့ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုအထဲမှ (၅)ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net