နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုအတွင်း TNLA နှင့် SSPP ပူးပေါင်းပြီး RSS နှင့် တိုက်ပွဲဖြစ်ပွားကာ မီးလောင်မှုကြောင့် အိမ်ခြေ(၂၈)လုံး မီးလောင်ဆုံးရှုံးပြီး လူ(၁၀၀၀)ကျော် စစ်ဘေးရှောင်နေရ

နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုအတွင်း TNLA နှင့် SSPP ပူးပေါင်းပြီး RSS နှင့် တိုက်ပွဲဖြစ်ပွားကာ မီးလောင်မှုကြောင့် အိမ်ခြေ(၂၈)လုံး မီးလောင်ဆုံးရှုံးပြီး လူ(၁၀၀၀)ကျော် စစ်ဘေးရှောင်နေရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စု တိုက်ပွဲအတွင်း  မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် စုစုပေါင်း (၂၈)လုံး မီးလောင် ဆုံးရှုံးကာ ဧပြီလ(၆)ရက်နေ့အထိ လူ(၁၀၀၀)ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

 

 TNLA နှင့် SSPP ပူးပေါင်းပြီး RSS နှင့် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၁ခုနှစ် မတ်လ(၂၉)ရက်နေ့ က နေအိမ်(၅)လုံး နှင့် ဧပြီလ(၄)ရက်နေ့က နေအိမ် (၂၃)လုံး   စုစုပေါင်း (၂၈)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားသည့်အပြင် အချို့ လူနေအိမ်များမှာ လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်ပျက်ဆီးမှုများဖြစ်ပေါ်သည့်အတွက် ဒေသခံ (၁၀၀၀)ကျော်သည် ပန်သပြေ၊ နားခိုလျံ၊ ရေအိုး နှင့် မန်စံကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် လတ်တလောတွင် စားနပ်ရိက္ခာများ နှင့် အသုံးအဆောင်များ လိုအပ်နေသည့်အတွက် စေတနာရှင်များအနေဖြင့် နယ်စည်းမခြား ပရဟိတအဖွဲ့ 09259136164 သို့ ဆက်သွယ်ကာ လှူဒါန်းနိုင်ကြောင်း သိရသည်။

Photo: CJ