ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕ရွိ အေျခခံပညာေက်ာင္းမ်ားအနီးတြင္ ပထမဆံုး လူကူးမ်ဥ္းၾကားေရးဆြဲျခင္း ေဆာင္ရြက္ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕ရွိ အေျခခံပညာေက်ာင္းမ်ားအနီးတြင္ ပထမဆံုး လူကူးမ်ဥ္းၾကားေရးဆြဲျခင္း ေဆာင္ရြက္

ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕ရွိ အေျခခံပညာေက်ာင္းမ်ားအနီးတြင္ ပထမဆံုး လူကူးမ်ဥ္းၾကားေရးဆြဲျခင္း ေဆာင္ရြက္ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕ရွိ အေျခခံပညာေက်ာင္းမ်ားအနီးတြင္ ပထမဆံုး လူကူးမ်ဥ္းၾကားေရးဆြဲျခင္း ေဆာင္ရြက္
ဇွန် 4, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕ရိွ အေျခခံပညာေက်ာင္း (၃)ေက်ာင္းအနီးတြင္ ပထမဆံုး လူကူးမ်ဥ္းၾကား ေရးဆြဲျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၄)ရက္ေန႔ နံနက္က ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔တို႔ ပူးေပါင္းေဆာင္ရြက္ေၾကာင္း သိရသည္။

"ေက်ာင္းေတြအနီးမွာ လူကူးမ်ဥ္းက်ားေရးဆြဲတာကေတာ့ ဒါက ပထမဦးဆံုးအႀကိမ္လုပ္ေဆာင္ျခင္း ျဖစ္ပါတယ္။ ေက်ာင္းသူ/ေက်ာင္းသားေတြအျပင္ ၿမိဳ႕ေနလူထုအတြက္ ယာဥ္/လမ္း အႏၱရာယ္ကင္းရွင္းေစဖို႔အတြက္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီအစည္းအေဝး ဆံုးျဖတ္ခ်က္အရ အခုလုိ လူကူးမ်ဥ္းၾကားေတြ ေရးဆြဲေပးတာျဖစ္ပါတယ္" ဟု သီေပါယာဥ္ထိန္းရဲတပ္ဖြဲ႔မွ တပ္ၾကပ္ႀကီးဝင္းေဇာ္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီေပါၿမိဳ႕အတြင္းျဖတ္သန္းသြားသည့္ ျပည္ေထာင္စုလမ္းမႀကီးနံေဘးတစ္ေလ်ွာက္ရွိ အေျခခံပညာ အထက္တန္းေက်ာင္း (၁)ေက်ာင္းႏွင့္ အေျခခံပညာ မူလတန္းေက်ာင္း (၂)ေက်ာင္းတုိ႔ေရွ႕တြင္ လူကူးမ်ဥ္းၾကားမ်ား ေရးဆြဲေပးျခင္းျဖစ္ၿပီး အဓိက လမ္းဆံုမီးပိြဳင့္ရွိ ေဆးေရာင္ပ်က္ပ်ယ္ေနသည့္ လူကူးမ်ဥ္းၾကားမ်ားႏွင့္ ယာဥ္ရပ္မ်ဥ္းမ်ားကိုလည္း ျပန္လည္ေရးဆြဲျခင္းကို ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔( သီေပါ )၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနႏွင့္ ၿမိဳ႕နယ္လမ္းဦးစီးဌာနတို႔ ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ေနခ်ိန္္ျဖစ္သည့္အတြက္ သီေပါၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာ ေက်ာင္းမ်ား၌ ယာဥ္/လမ္း စည္းကမ္း အသိပညာေပး ပိုစတာမ်ားကိုလည္း လိုက္လံထားရွိေပးေနေၾကာင္း သိရသည္။

သတင္း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ အခြေခံပညာကျောင်း (၃)ကျောင်းအနီးတွင် ပထမဆုံး လူကူးမျဉ်းကြား ရေးဆွဲခြင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့ နံနက်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

"ကျောင်းတွေအနီးမှာ လူကူးမျဉ်းကျားရေးဆွဲတာကတော့ ဒါက ပထမဦးဆုံးအကြိမ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ကျောင်းသူ/ကျောင်းသားတွေအပြင် မြို့နေလူထုအတွက် ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းစေဖို့အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ အခုလို လူကူးမျဉ်းကြားတွေ ရေးဆွဲပေးတာဖြစ်ပါတယ်" ဟု သီပေါယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးဝင်းဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါမြို့အတွင်းဖြတ်သန်းသွားသည့် ပြည်ထောင်စုလမ်းမကြီးနံဘေးတစ်လျှောက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (၁)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း (၂)ကျောင်းတို့ရှေ့တွင် လူကူးမျဉ်းကြားများ ရေးဆွဲပေးခြင်းဖြစ်ပြီး အဓိက လမ်းဆုံမီးပွိုင့်ရှိ ဆေးရောင်ပျက်ပျယ်နေသည့် လူကူးမျဉ်းကြားများနှင့် ယာဉ်ရပ်မျဉ်းများကိုလည်း ပြန်လည်ရေးဆွဲခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့( သီပေါ )၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေချိန်ဖြစ်သည့်အတွက် သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ယာဉ်/လမ်း စည်းကမ်း အသိပညာပေး ပိုစတာများကိုလည်း လိုက်လံထားရှိပေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net