သိနၷီၿမိဳ႕တြင္ လက္ဖက္ရည္ဆုိင္ ဝန္ထမ္းမိန္းကေလး (၂)ဦးကို ရိုက္ႏွက္သည့္ ဆုိင္ရွင္အား အမႈဖြင့္ စစ္ေဆးေန

သိနၷီၿမိဳ႕တြင္ လက္ဖက္ရည္ဆုိင္ ဝန္ထမ္းမိန္းကေလး (၂)ဦးကို ရိုက္ႏွက္သည့္ ဆုိင္ရွင္အား အမႈဖြင့္ စစ္ေဆးေန
ဒီဇင်ဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိနၷီၿမိဳ႕ရိွ ၾကဴၾကဴလက္ဖက္ရည္ဆုိင္ပိုင္ရွင္က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၁) ရက္ေန႔တြင္ ဆိုင္အကူမိန္းကေလး (၂)ဦးကို ရိုက္ႏွက္သျဖင့္ တစ္ဦးမွာ လက္က်ိဳးသြားရာ ဒီဇင္ဘာလ (၂၂) ရက္ေန႔တြင္ သိန္းနီၿမိဳ႕မရဲစခန္း၌ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

"မိန္းကေလးႏွစ္ေယာက္ကုိ ရိုက္ႏွက္ခဲ့တဲ့ ဆိုင္ပိုင္ရွင္ျဖစ္သူကို အခုေခၚယူစစ္ေဆးေနပါတယ္။ ရိုက္ခံရတဲ့ ကာယကံရွင္ ႏွစ္ဦးကေတာ့ ေဆးကုသစရိတ္ေတြ ကုန္က်ခံေပးဖုိ႔ ဒဏ္ရာေတြေပ်ာက္ကင္းတဲ့ထိ တာဝန္ယူ ေပးဖို႔ပဲ ေတာင္းဆိုထားပါတယ္။ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ မိန္းကေလးေတြကို ရိုက္ခဲ့တဲ့ ဆိုင္ရွင္ကို အခုစစ္ေဆးေနတုန္းပဲရွိေသးတယ္" ဟု သိနၷီၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးဝင္းတင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဒီဇင္ဘာလ(၂၂)ရက္ေန႔တြင္ ေျပာသည္။

လက္ဖက္ရည္ဆိုင္ပိုင္ရွင္ ရဲေအာင္က ဆိုင္အကူမိန္းကေလးမ်ားကို သံတုတ္ျဖင့္ရိုက္ျခင္း၊ ေရေႏြးပူျဖင့္ ေလာင္းျခင္းတို႔ေၾကာင့္ မိန္းကေလး(၂)ဦးအနက္ (၁၅)ႏွစ္အရြယ္မိန္းကေလးမွာ လက္ဖ်ံရိုး က်ိဳးသည့္ဒဏ္ရာ၊ မ်က္ႏွာဖူးေရာင္ဒဏ္ရာမ်ား ရရွိထားၿပီး ေနာက္တစ္ဦးမွာ ေျချဖင့္ကန္ေက်ာက္ခံရသျဖင့္ ဆီးခံုေအာင့္သည့္ ေဝဒနာခံစားေနရသျဖင့္ သိနၷီျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

"မေန႔ညကေတာ့ ကၽြန္ေတာ္သြားၾကည့္တယ္။ အဲဒီကေလးမတစ္ေယာက္ လက္က်ိဳးတဲ့တစ္ေယာက္က ေတာ္ေတာ္နာက်င္ေနတာေတြ႔တယ္။ ရဲတပ္ဖြဲ႔ကေတာ့ ေဆးစစ္ခ်က္ေတြနဲ႔ ကာယကံရွင္ေတြကို ေမးျမန္း တာေတြယူထားတယ္။ ဆိုင္ရွင္ကိုစစ္ေနတာေတာ့ မသိေသးဘူး။ အရင္က အခုလိုကိစၥမ်ိဳးမရွိသေလာက္ နည္းပါတယ္။ ရိုက္ခံရတဲ့ အမ်ိဳးသမီးႏွစ္ဦးကိုလည္း လိုအပ္တဲ့အကူအညီေတြေပးဖို႔အတြက္ စီစဥ္ ထားပါတယ္" ဟု သိနၷီၿမိဳ႕ NLD မွ ဦးစိုင္းေအာင္လွက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆိုင္ဝန္ထမ္းမ်ားကိုရိုက္ႏွက္သည့္ ဆုိင္ရွင္ ရဲေအာင္ကို ညစ္ညမ္းေသာစကားျဖင့္ ဆဲဆိုျခင္းအတြက္ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၂၉၄ ၊ အျပင္းအထန္နာက်င္ေစမႈအတြက္ ရာဇသတ္ႀကီးပုဒ္မ ၃၂၅ တုိ႔ျဖင့္ သိနၷီၿမိဳ႕မရဲစခန္းတြင္ ဒီဇင္ဘာလ (၂၂)ရက္ေန႔၌ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ခ်ယ္ရီလႈိင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ရှိ ကြူကြူလက်ဖက်ရည်ဆိုင်ပိုင်ရှင်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ဆိုင်အကူမိန်းကလေး (၂)ဦးကို ရိုက်နှက်သဖြင့် တစ်ဦးမှာ လက်ကျိုးသွားရာ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် သိန်းနီမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

"မိန်းကလေးနှစ်ယောက်ကို ရိုက်နှက်ခဲ့တဲ့ ဆိုင်ပိုင်ရှင်ဖြစ်သူကို အခုခေါ်ယူစစ်ဆေးနေပါတယ်။ ရိုက်ခံရတဲ့ ကာယကံရှင် နှစ်ဦးကတော့ ဆေးကုသစရိတ်တွေ ကုန်ကျခံပေးဖို့ ဒဏ်ရာတွေပျောက်ကင်းတဲ့ထိ တာဝန်ယူ ပေးဖို့ပဲ တောင်းဆိုထားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ မိန်းကလေးတွေကို ရိုက်ခဲ့တဲ့ ဆိုင်ရှင်ကို အခုစစ်ဆေးနေတုန်းပဲရှိသေးတယ်" ဟု သိန္နီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းတင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၂၂)ရက်နေ့တွင် ပြောသည်။

လက်ဖက်ရည်ဆိုင်ပိုင်ရှင် ရဲအောင်က ဆိုင်အကူမိန်းကလေးများကို သံတုတ်ဖြင့်ရိုက်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်းတို့ကြောင့် မိန်းကလေး(၂)ဦးအနက် (၁၅)နှစ်အရွယ်မိန်းကလေးမှာ လက်ဖျံရိုး ကျိုးသည့်ဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာများ ရရှိထားပြီး နောက်တစ်ဦးမှာ ခြဖြေင့်ကန်ကျောက်ခံရသဖြင့် ဆီးခုံအောင့်သည့် ဝေဒနာခံစားနေရသဖြင့် သိန္နီပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

"မနေ့ညကတော့ ကျွန်တော်သွားကြည့်တယ်။ အဲဒီကလေးမတစ်ယောက် လက်ကျိုးတဲ့တစ်ယောက်က တော်တော်နာကျင်နေတာတွေ့တယ်။ ရဲတပ်ဖွဲ့ကတော့ ဆေးစစ်ချက်တွေနဲ့ ကာယကံရှင်တွေကို မေးမြန်း တာတွေယူထားတယ်။ ဆိုင်ရှင်ကိုစစ်နေတာတော့ မသိသေးဘူး။ အရင်က အခုလိုကိစ္စမျိုးမရှိသလောက် နည်းပါတယ်။ ရိုက်ခံရတဲ့ အမျိုးသမီးနှစ်ဦးကိုလည်း လိုအပ်တဲ့အကူအညီတွေပေးဖို့အတွက် စီစဉ် ထားပါတယ်" ဟု သိန္နီမြို့ NLD မှ ဦးစိုင်းအောင်လှက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်ဝန်ထမ်းများကိုရိုက်နှက်သည့် ဆိုင်ရှင် ရဲအောင်ကို ညစ်ညမ်းသောစကားဖြင့် ဆဲဆိုခြင်းအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄၊ အပြင်းအထန်နာကျင်စေမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၂၅ တို့ဖြင့် သိန္နီမြို့မရဲစခန်းတွင် ဒီဇင်ဘာလ (၂၂)ရက်နေ့၌ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ချယ်ရီလှိုင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~