ေက်ာင္းသားမိဘမ်ားကို ဝန္ထုပ္ဝန္ပိုးျဖစ္ေစသျဖင့္ ေက်ာင္းဝတ္စံုစနစ္ကို ဖ်က္သိမ္းရန္ ထုိင္းအစိုးရကို တုိက္တြန္း

ေက်ာင္းသားမိဘမ်ားကို ဝန္ထုပ္ဝန္ပိုးျဖစ္ေစသျဖင့္ ေက်ာင္းဝတ္စံုစနစ္ကို ဖ်က္သိမ္းရန္ ထုိင္းအစိုးရကို တုိက္တြန္း
မေ 13, 2019
By 🌸
ေက်ာင္းသားမိဘမ်ားကို မလိုအပ္ဘဲ ဝန္ထုပ္ဝန္ပိုးျဖစ္ေစ၍ ေက်ာင္းဝတ္စံု ဝတ္ဆင္ေစသည့္စနစ္ကို ဖ်က္သိမ္းသင့္ၿပီျဖစ္ေၾကာင္း ထုိင္းအစိုးရကို ဒီမိုကရက္တစ္ပါတီက တုိက္တြန္းထားသည္။

“ႏွစ္တုိင္း ေက်ာင္းဖြင့္ရာသီနီးတာနဲ႔ မိဘေတြမွာ ေက်ာင္းဝတ္စံုဝယ္ေပးဖုိ႔ ႀကိဳးစားေနၾကရတာက ေငြေရးေၾကးေရးဝန္ထုပ္ဝန္ပိုးေတြ ျဖစ္ၾကရတယ္။ တစ္ခ်ိဳ႕မိဘေတြဆို ေက်ာင္းဝတ္စံုဖိုးအတြက္ ေခ်းငွားၿပီး ဝယ္ၾကရတယ္”ဟု ဒီမိုကရက္တစ္ပါတီဝင္ျဖစ္သူ မယ္လိကေဖါင္ေဒးရွင္းတည္ေထာင္သူ မယ္လိကကဆိုသည္။

ေက်ာင္းဝတ္စံုမွာ ကေလးမ်ား၏ပညာေရးတိုးတက္မႈအတြက္ အေထာက္အပံ့ျဖစ္ေစသည့္အရာမဟုတ္သျဖင့္ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ေက်ာင္းဝတ္စံု ဝတ္ဆင္ျခင္းကို ပယ္ဖ်က္ေပးသင့္သည္ဟု အႀကံေပးထားသည္။

ေက်ာင္းမ်ားတြင္ သင့္ေလ်ာ္သည့္ဝတ္စံုမ်ား ဝတ္ဆင္ခြင့္ျပဳျခင္းျဖင့္ ေက်ာင္းသားမိဘမ်ားအေနျဖင့္ ႏွစ္စဥ္ကုန္က်ေနရသည့္ ေက်ာင္းဝတ္စံုဖိုးကို ေလွ်ာ့ခ်ႏုိင္မည္ျဖစ္သည္ဟု အႀကံျပဳထားသည္။

လူတစ္ဦး၏ဝတ္စားဆင္ယင္မႈအေပၚၾကည့္ၿပီး ဆံုးျဖတ္ေနၾကသည့္ လူမႈစံႏႈန္းမ်ားကို ေက်ာငး္မ်ားတြင္ ပယ္ဖ်က္သင့္ၿပီဟု တုိက္တြန္းလုိက္ၿပီး ေက်ာင္းမ်ားအေနျဖင့္ ေက်ာင္းသားမ်ား၏ဝတ္စံုထက္ သင္ၾကားမႈအရည္အေသြးျမႇင့္တင္ရန္ အာရံုစိုက္သင့္သည္ဟု တုိက္တြန္းထားသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျောင်းသားမိဘများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသဖြင့် ကျောင်းဝတ်စုံစနစ်ကို ဖျက်သိမ်းရန် ထိုင်းအစိုးရကို တိုက်တွန်း
***********
ကျောင်းသားမိဘများကို မလိုအပ်ဘဲ ဝန်ထုပ်ဝန်ပိုးဖြစ်စေ၍ ကျောင်းဝတ်စုံ ဝတ်ဆင်စေသည့်စနစ်ကို ဖျက်သိမ်းသင့်ပြီဖြစ်ကြောင်း ထိုင်းအစိုးရကို ဒီမိုကရက်တစ်ပါတီက တိုက်တွန်းထားသည်။

“နှစ်တိုင်း ကျောင်းဖွင့်ရာသီနီးတာနဲ့ မိဘတွေမှာ ကျောင်းဝတ်စုံဝယ်ပေးဖို့ ကြိုးစားနေကြရတာက ငွေရေးကြေးရေးဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ကြရတယ်။ တစ်ချို့မိဘတွေဆို ကျောင်းဝတ်စုံဖိုးအတွက် ချေးငှားပြီး ဝယ်ကြရတယ်”ဟု ဒီမိုကရက်တစ်ပါတီဝင်ဖြစ်သူ မယ်လိကဖေါင်ဒေးရှင်းတည်ထောင်သူ မယ်လိကကဆိုသည်။

ကျောင်းဝတ်စုံမှာ ကလေးများ၏ပညာရေးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေသည့်အရာမဟုတ်သဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းဝတ်စုံ ဝတ်ဆင်ခြင်းကို ပယ်ဖျက်ပေးသင့်သည်ဟု အကြံပေးထားသည်။

ကျောင်းများတွင် သင့်လျော်သည့်ဝတ်စုံများ ဝတ်ဆင်ခွင့်ပြုခြင်းဖြင့် ကျောင်းသားမိဘများအနေဖြင့် နှစ်စဉ်ကုန်ကျနေရသည့် ကျောင်းဝတ်စုံဖိုးကို လျှော့ချနိုင်မည်ဖြစ်သည်ဟု အကြံပြုထားသည်။

လူတစ်ဦး၏ဝတ်စားဆင်ယင်မှုအပေါ်ကြည့်ပြီး ဆုံးဖြတ်နေကြသည့် လူမှုစံနှုန်းများကို ကျောငး်များတွင် ပယ်ဖျက်သင့်ပြီဟု တိုက်တွန်းလိုက်ပြီး ကျောင်းများအနေဖြင့် ကျောင်းသားများ၏ဝတ်စုံထက် သင်ကြားမှုအရည်အသွေးမြှင့်တင်ရန် အာရုံစိုက်သင့်သည်ဟု တိုက်တွန်းထားသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net