က်ိဳင္းတံုတြင္ တူမျဖစ္သူကို တရုတ္ႏိုင္ငံသို႔ ယြမ္ (၉၀၀၀၀)ျဖင့္ ေရာင္းစားသည့္အေဒၚျဖစ္သူအား ဖမ္းဆီးအေရးယူထား

က်ိဳင္းတံုတြင္ တူမျဖစ္သူကို တရုတ္ႏိုင္ငံသို႔ ယြမ္ (၉၀၀၀၀)ျဖင့္ ေရာင္းစားသည့္အေဒၚျဖစ္သူအား ဖမ္းဆီးအေရးယူထား
မေ 3, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္၊ ေဟြကြယ္ေက်းရြာအုပ္စု၊ ဖာရံလံုေက်းရြာတြင္ လူကုန္ကူးမႈေၾကာင့္ ျပစ္ဒဏ္က်ခံရဖူးသည့္ အမ်ိဳးသမီးတစ္ဦးက အသက္ (၂၀) အရြယ္ တူမျဖစ္သူကို တရုတ္အမ်ိဳးသားႏွင့္ လက္ထပ္ရန္ ယြမ္ (၉၀၀၀၀)ျဖင့္ ေရာင္းစားခဲ့ေသာေၾကာင့္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒျဖင့္ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

ဖာရံလံုေက်းရြာမွ အသက္ (၂၀)အရြယ္မိန္းကေလးမွာ ဦးေလးျဖစ္သူ၏ေနအိမ္မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၀)ရက္ေန႔တြင္ ေပ်ာက္ဆံုးသြားသျဖင့္ ရဲတပ္ဖြဲ႕ထံတုိင္ၾကားခဲ့ရာ ေပ်ာက္ဆံုးသြားသည့္မိန္းကေလး၏ အေဒၚျဖစ္သူ လူကုန္ကူးမႈျပစ္မႈေဟာင္းရိွသည့္ မိုးသူဇာ(ခ)  စႏၵာလင္းအား စစ္ေဆးရာမွ အမႈေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိုးသူဇာ(ခ) စႏၵာလင္း၏ေနအိမ္သို႔ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၁)ရက္ေန႔ ည (၁)နာရီခြဲဝန္းက်င္တြင္ တူမျဖစ္သူ ေရာက္လာၿပီး ဦးေလးျဖစ္သူ၏ေနအိမ္တြင္ မေနလိုေၾကာင္းႏွင့္ အိမ္ေထာင္ျပဳလိုသည္ဟုဆိုသျဖင့္ တရုတ္ေယာက်္ားႏွင့္ ယူရန္စီစဥ္ေပးခဲ့ျခင္းျဖစ္သည္ဟု ထြက္ဆိုေၾကာင္း သိရသည္။

မိုးသူဇာ(ခ)စႏၵာလင္းက အသိမိတ္ေဆြအမ်ိဳးသမီးျဖစ္သည့္ အထူးေဒသ(၄) ဆီလူးၿမိဳ႕မွ ဒီေဘာလာႏွင့္ ဆက္သြယ္ၿပီး တူမျဖစ္သူကို တရုတ္ေယာက်္ားတစ္ဦးထံ ယြမ္ေငြ (၉၀၀၀၀)ျဖင့္ ေရာင္းခ်ခဲ့ၿပီး ယင္းေရာင္းခ်ရေငြကို ဒီေဘာလာက ယြမ္ (၁၀၀၀၀)၊ မိုးသူဇာ (ခ) စႏၵာလင္းက ယြမ္ (၈၀၀၀၀) ရယူခဲ့ကာ တူမျဖစ္သူအား ယြမ္ (၅၀၀)ေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မိုးသူဇာ(ခ)စႏၵာလင္းထံမွ ယြမ္ေငြ (၅၉၅၀၀)အား ရဲတပ္ဖြဲ႕က ျပန္လည္သိမ္းဆည္းရရိွခဲ့ၿပီး မိုးသူဇာ(ခ) စႏၵာလင္းႏွင့္ ဒီဘာလာတို႔အား ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃၀)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕မရဲစခန္း၌ (ပ)၄၆၁/၂၀၁၉၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄/၃၁/၃၂ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

မိုးသူဇာ(ခ) စႏၵာလင္းသည္ ၂၀၁၂ ခုႏွစ္ကလည္း မိုင္းျဖတ္ၿမိဳ႕မွ မိန္းကေလးငယ္တစ္ဦးအား တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္တစ္ခုတြင္ အမ်ိဳးသားတစ္ဦးႏွင့္ ကာမဆက္ဆံရန္ေစလႊတ္ခဲ့သျဖင့္ ေထာင္ဒဏ္ (၁၀)ႏွစ္ခ်မွတ္ခံထားရသူျဖစ္ေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း (ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံတွင် တူမဖြစ်သူကို တရုတ်နိုင်ငံသို့ ယွမ် (၉၀၀၀၀)ဖြင့် ရောင်းစားသည့်အဒေါ်ဖြစ်သူအား ဖမ်းဆီးအရေးယူထား
***************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ဟွေကွယ်ကျေးရွာအုပ်စု၊ ဖာရံလုံကျေးရွာတွင် လူကုန်ကူးမှုကြောင့် ပြစ်ဒဏ်ကျခံရဖူးသည့် အမျိုးသမီးတစ်ဦးက အသက် (၂၀) အရွယ် တူမဖြစ်သူကို တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ယွမ် (၉၀၀၀၀)ဖြင့် ရောင်းစားခဲ့သောကြောင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖာရံလုံကျေးရွာမှ အသက် (၂၀)အရွယ်မိန်းကလေးမှာ ဦးလေးဖြစ်သူ၏နေအိမ်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့တွင် ပျောက်ဆုံးသွားသဖြင့် ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ရာ ပျောက်ဆုံးသွားသည့်မိန်းကလေး၏ အဒေါ်ဖြစ်သူ လူကုန်ကူးမှုပြစ်မှုဟောင်းရှိသည့် မိုးသူဇာ(ခ)  စန္ဒာလင်းအား စစ်ဆေးရာမှ အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးသူဇာ(ခ) စန္ဒာလင်း၏နေအိမ်သို့ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့ ည (၁)နာရီခွဲဝန်းကျင်တွင် တူမဖြစ်သူ ရောက်လာပြီး ဦးလေးဖြစ်သူ၏နေအိမ်တွင် မနေလိုကြောင်းနှင့် အိမ်ထောင်ပြုလိုသည်ဟုဆိုသဖြင့် တရုတ်ယောကျ်ားနှင့် ယူရန်စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။

မိုးသူဇာ(ခ)စန္ဒာလင်းက အသိမိတ်ဆွေအမျိုးသမီးဖြစ်သည့် အထူးဒေသ(၄) ဆီလူးမြို့မှ ဒီဘောလာနှင့် ဆက်သွယ်ပြီး တူမဖြစ်သူကို တရုတ်ယောကျ်ားတစ်ဦးထံ ယွမ်ငွေ (၉၀၀၀၀)ဖြင့် ရောင်းချခဲ့ပြီး ယင်းရောင်းချရငွေကို ဒီဘောလာက ယွမ် (၁၀၀၀၀)၊ မိုးသူဇာ (ခ) စန္ဒာလင်းက ယွမ် (၈၀၀၀၀) ရယူခဲ့ကာ တူမဖြစ်သူအား ယွမ် (၅၀၀)ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုးသူဇာ(ခ)စန္ဒာလင်းထံမှ ယွမ်ငွေ (၅၉၅၀၀)အား ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး မိုးသူဇာ(ခ) စန္ဒာလင်းနှင့် ဒီဘာလာတို့အား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်း၌ (ပ)၄၆၁/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၁/၃၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မိုးသူဇာ(ခ) စန္ဒာလင်းသည် ၂၀၁၂ ခုနှစ်ကလည်း မိုင်းဖြတ်မြို့မှ မိန်းကလေးငယ်တစ်ဦးအား တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသားတစ်ဦးနှင့် ကာမဆက်ဆံရန်စေလွှတ်ခဲ့သဖြင့် ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း (ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net