ကျောက်မဲမြို့နယ်အတွင်း ဂုတ်တွင်းအဆင်းတွင် တွဲကားတစ်စီး ကမ်းပါးယံကို ဝင်တိုက်မိရာမှ တစ်ဦးဒဏ်ရာရ

Photo: ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်) 
Photo: ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်) 
 ကျောက်မဲမြို့နယ်အတွင်း ဂုတ်တွင်းအဆင်းတွင် တွဲကားတစ်စီး ကမ်းပါးယံကို ဝင်တိုက်မိရာမှ တစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းအဆင်းတွင် တွဲကားတစ်စီး ကမ်းပါးယံကို ဝင်တိုက်ရာမှ ယာဉ်မောင်းဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်အစောပိုင်းက တွဲကားတစ်စီး ကမ်းပါးယံကို ဝင်တိုက်မိရာမှ ယာဉ်မောင်းသည် အောက်ပိုင်းညှပ်မိနေရာ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန် လူနာတင်ယာဉ်(၃)စီးဖြင့် သွားရောက်ကယ်ဆယ်ကူညီခဲ့ကြကြောင်း သိရသည်။

အောက်ပိုင်းညှပ်မိနေသည့် ယာဉ်မောင်းအား ကယ်ဆယ်ပြီးနောက် ကျောက်မဲပြည်သူ့ဆေးရုံ၏ အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)မှ သိရသည်။