က်ဳိင္းတံုၿမိဳ႕တြင္း (၃)ေနရာတြင္ ကက္သလစ္လူငယ္ (၇၅၀)ေက်ာ္မွ စုေပါင္း အမႈိက္ေကာက္

က်ဳိင္းတံုၿမိဳ႕တြင္း (၃)ေနရာတြင္ ကက္သလစ္လူငယ္ (၇၅၀)ေက်ာ္မွ စုေပါင္း အမႈိက္ေကာက္
မေ 19, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ က်င္းပျပဳလုပ္ၿပီး က်ိဳင္းတံုသာသနာလံုးဆုိင္ရာႏွီးေႏွာဖလွယ္ပြဲေတာ္သို႔ ေရာက္ရွိလာသည့္ ေဒသအသီးသီးမွ ကက္သလစ္လူငယ္ (၇၅၀)ေက်ာ္တို႔က က်ဳိင္းတံုၿမိဳ႕တြင္း၌ စုေပါင္းအမႈိက္ေကာက္မႈအျဖစ္ ၂၀၁၉ခုႏွစ္ ေမလ(၁၉)ရက္ေန႔ နံနက္(၁၀)နာရီမွ ေန႔လည္(၁၂)နာရီအထိ ေနရာ(၃)ေနရာခြဲ၍ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

"တစ္ဖြဲ႔ကို (၂၅၀)ေလာက္ပါ၀င္တဲ့ လူဦးေရနဲ႔ အဖြဲ႔(၃)ဖြဲ႔ ေကာက္ခဲ့တယ္၊ တစ္ဖြဲ႔ကေတာ့ ဘုရားႀကီးကေန ေလယာဥ္ကြင္းလမ္းအတိုင္း ၿမိဳ႕ေတာ္ခန္းမအထိ၊ တစ္ဖြဲ႔ကေတာ့ ေနာင္တံုကန္ပတ္လမ္းတစ္ေလွ်ာက္၊ တစ္ဖြဲ႔ကေတာ့ ဘုရားႀကီးလမ္းအတိုင္း ေနာင္ဖာ မိုင္းယန္းဂိတ္အထိ ေကာက္ခဲ့ပါတယ္၊ စည္ပင္ေတြက အမႈိက္ကား(၂)စီးေပးတယ္၊ ၿပီးေတာ့ အႀကိဳအပို႔ (၂)စီး စီစဥ္ေပးပါတယ္၊ ၿပီးေတာ့ ေထြအုပ္ကလည္း ဒီရပ္ကြက္ေတြမွာ အမႈိက္ေကာက္ဖို႔အတြက္လည္း ခြင့္ျပဳေပးခဲ့ပါတယ္။"ဟု က်ဳိင္းသာသနာလူငယ္ တာ၀န္ခံ ဘုန္းေတာ္ႀကီး မားရီယိုျမင့္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုသာသနာလံုးဆုိင္ရာႏွီးေႏွာဖလွယ္ပြဲေတာ္သို႔ တာခ်ီလိတ္၊ က်ဳိင္းတံု၊ မိုင္းဆတ္၊ တာေလ၊ မိုင္းလင္း၊ အထူးေဒသ(၄)၊ အထူးေဒသ(၂)၊ မိုင္းယန္း၊ မိုင္းခတ္၊ မိုင္းေယာင္း၊ မိုင္းပ်ဥ္း၊ ပန္ေနာင္လံု၊ မိုင္းခြန္၊ စိန္ပီတာ၊ ကတ္ဖတ္၊ တံုကြမ္၊ လြိဳင္ေမြ၊ ယန္းခ စသည့္ ေဒသအသီးသီးမွ ကက္သလစ္လူငယ္အဖြဲ႕မ်ားအျပင္ မႏၱေလးမွလည္း လာေရာက္ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္(၁)ရွိ RCM ေက်ာင္းအတြင္း မယ္ေတာ္၏သန္႔ရွင္းစင္ၾကယ္ေသာ ႏွလံုးေတာ္ေက်ာင္းတြင္ က်ိဳင္းတံုသာသနာလံုးဆုိင္ရာႏွီးေႏွာဖလွယ္ပြဲေတာ္အား ၂၀၁၉ ခုႏွစ္ ေမလ(၁၆)ရက္ေန႔မွ ေမလ(၁၉)ရက္ေန႔အထိ က်င္းပေနလ်က္ရွိသည္။

Tachileik News Agency
ဓါတ္ပံု - အိုက္သား၊ လုကာ၊ ဂ်ဳိးဇက္


~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်ပြီး ကျိုင်းတုံသာသနာလုံးဆိုင်ရာနှီးနှောဖလှယ်ပွဲတော်သို့ ရောက်ရှိလာသည့် ဒေသအသီးသီးမှ ကက်သလစ်လူငယ် (၇၅၀)ကျော်တို့က ကျိုင်းတုံမြို့တွင်း၌ စုပေါင်းအမှိုက်ကောက်မှုအဖြစ် ၂၀၁၉ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်(၁၀)နာရီမှ နေ့လည်(၁၂)နာရီအထိ နေရာ(၃)နေရာခွဲ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"တစ်ဖွဲ့ကို (၂၅၀)လောက်ပါဝင်တဲ့ လူဦးရေနဲ့ အဖွဲ့(၃)ဖွဲ့ ကောက်ခဲ့တယ်၊ တစ်ဖွဲ့ကတော့ ဘုရားကြီးကနေ လေယာဉ်ကွင်းလမ်းအတိုင်း မြို့တော်ခန်းမအထိ၊ တစ်ဖွဲ့ကတော့ နောင်တုံကန်ပတ်လမ်းတစ်လျှောက်၊ တစ်ဖွဲ့ကတော့ ဘုရားကြီးလမ်းအတိုင်း နောင်ဖာ မိုင်းယန်းဂိတ်အထိ ကောက်ခဲ့ပါတယ်၊ စည်ပင်တွေက အမှိုက်ကား(၂)စီးပေးတယ်၊ ပြီးတော့ အကြိုအပို့ (၂)စီး စီစဉ်ပေးပါတယ်၊ ပြီးတော့ ထွေအုပ်ကလည်း ဒီရပ်ကွက်တွေမှာ အမှိုက်ကောက်ဖို့အတွက်လည်း ခွင့်ပြုပေးခဲ့ပါတယ်။"ဟု ကျိုင်းသာသနာလူငယ် တာဝန်ခံ ဘုန်းတော်ကြီး မားရီယိုမြင့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံသာသနာလုံးဆိုင်ရာနှီးနှောဖလှယ်ပွဲတော်သို့ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာလေ၊ မိုင်းလင်း၊ အထူးဒေသ(၄)၊ အထူးဒေသ(၂)၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းယောင်း၊ မိုင်းပျဉ်း၊ ပန်နောင်လုံ၊ မိုင်းခွန်၊ စိန်ပီတာ၊ ကတ်ဖတ်၊ တုံကွမ်၊ လွိုင်မွေ၊ ယန်းခ စသည့် ဒေသအသီးသီးမှ ကက်သလစ်လူငယ်အဖွဲ့များအပြင် မန္တလေးမှလည်း လာရောက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ရပ်ကွက်(၁)ရှိ RCM ကျောင်းအတွင်း မယ်တော်၏သန့်ရှင်းစင်ကြယ်သော နှလုံးတော်ကျောင်းတွင် ကျိုင်းတုံသာသနာလုံးဆိုင်ရာနှီးနှောဖလှယ်ပွဲတော်အား ၂၀၁၉ ခုနှစ် မေလ(၁၆)ရက်နေ့မှ မေလ(၁၉)ရက်နေ့အထိ ကျင်းပနေလျက်ရှိသည်။

Tachileik News Agency
ဓာတ်ပုံ - အိုက်သား၊ လုကာ၊ ဂျိုးဇက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net